Unicode: ဒီဇင်ဘာလ ၁၀ ရက်နိက ကျရောက်တေ ၇၁ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနိ့ အထိမ်းအမှတ်အဖြစ် ရခိုင်လူငယ် ၁၅၀ လောက်က စစ်တွေမြို့က ရှူခင်းသာလမ်းမှာ စုပေါင်းလမ်းလျှောက်ချီတ က်မှုကမ်ပိန်းတစ်ခု လုပ်ခကတ်ပါရေ။

“ကွဲပြားမှုကိုအလေးထား၊ ငြိမ်းချမ်းရေးအတွက် လူငယ်များ”၊ “လူသားအားလုံးအခွင့်အရေး၊ လူငယ်များကရပ်တည်ပေး”စရေ ဆောင်ပုဒ်တိပါဝင်ရေ ဆိုင်းဘုတ်တိကိုင်ဆောင်းပြီးကေ ပြုလုပ်တေ ယင်းလမ်းလျှောက်ပွဲကို ရခိုင်အရပ်ဖက်၊ လူမှုအဖွဲ့အစည်းများက ဦးဆောင်ပြုလုပ်ခစွာဖြစ်ပြီးကေ စစ် တွေမြို့ အာရီယန်စားသောက်ဆိုင်ရှိကနီ ပွိုင့်အထိ လမ်းလျှောက်ချီတက်ခကတ်ပါရေ။

ယင်းစုပေါင်းလမ်းလျှောက်ပွဲမှာ ပါဝင်ရေ လူငယ်တိမှာ လူ့အခွင့်အရေးနန့် ပတ်သတ်ပနာ ထုတ်လုပ်ထားရေ အင်္ကျီယူနီဖောင်းတိကို ဝတ်ဆင်ပနာ လမ်းလျှောက်ချီတက်ခြင်းအပြင် ဖျော်ဖြေသီဆိုမှုတိလည်း ပြုလုပ်ခကတ်ပါသိမ့်ရေ။

လူငယ်တိအနီနဲ့လေ့ ယင်းပိုင်လူ့အခွင့်အရေးနိမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနီရေ စစ်ပွဲတိအတွင်း သီဆုံး၊ ဒဏ်ရာရစရေ လူ့အခွင့်အရေးတိ ဆုံးရှုံနီမှုတိနန့် ပတ်သတ်လို့လေ့ တောင်းဆိုခဲ့ကတ်ပါရေ။

ယင်းလမ်းလျှောက်ချီတက်ပွဲမှာ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ယက်၊ မရမာကြီးလူငယ်များကွန်ယက်၊ မြိုလူငယ်များဖွံ့ဖြိုးရေးအဖွဲ့အစည်း၊ မျိုးဆက်သစ် အမျိုးသမီးများအဖွဲ့နန့် People For People စရေအဖွဲ့အစည်းတိက လူငယ်တိနန့် လူ့အခွင့်အရေးလိုလားရေ လူငယ်တိက ပါဝင်ခကတ်ပါရေ။

သတင်းဓာတ်ပုံ – ဒီဇင်ဘာလ ၁၀ ရက်နေ့က ကျင်းပသော လူ့အခွင့်ရေးနေ့ စုပေါင်းလမ်းလျှောက်မှု (ဓာတ်ပုံ – မျိုးဆက်သစ်အမျိုးသမီးများအဖွဲ့)

Zawgyi: ဒီဇင်ဘာလ ၁၀ ရက်နိက ကျရောက်တေ ၇၁ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနိ့ အထိမ်းအမှတ်အဖြစ် ရခိုင်လူငယ် ၁၅၀ လောက်က စစ်တွေမြို့က ရှူခင်းသာလမ်းမှာ စုပေါင်းလမ်းလျှောက်ချီတ က်မှုကမ်ပိန်းတစ်ခု လုပ်ခကတ်ပါရေ။






 488 total views,  1 views today