Arakan Yoma|
ဒီဇင်ဘာလ ၁၀ ရက်နေ့ ကကျရောက်သည့် ၇၁ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ရခိုင်လူငယ် ၁၅၀ ခန့်က ရခိုင် ပြည်နယ် စစ်တွေမြို့က ရှူခင်းသာလမ်းတွင် စုပေါင်းလမ်းလျှောက်ချီတက်မှုကမ်ပိန်းတစ်ခုပြုလုပ်ခဲ့ကြသည်။
“ကွဲပြားမှုကိုအလေးထား၊ ငြိမ်းချမ်းရေးအတွက် လူငယ်များ”၊ “လူသားအားလုံးအခွင့်အရေး၊ လူငယ်များကရပ်တည်ပေး”စသည့် ဆောင်ပုဒ်များပါဝင်သည့် ဆိုင်းဘုတ်များကိုင်ဆောင်းပြီး ပြုလုပ်သည့် ယင်းလမ်းလျှောက်ပွဲကို ရခိုင်အရပ်ဖက်၊ လူမှုအဖွဲ့အစည်းများက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်တွေမြို့ အာရီယန်စားသောက်ဆိုင်အနီးမှ ပွိုင့်အထိ လမ်းလျှောက်ချီတက်ခဲ့ကြသည်။
ယင်းစုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်သည့် လူငယ်များမှာ လူ့အခွင့်အရေးနှင့် ပတ်သတ်၍ ထုတ်လုပ်ထားသော အင်္ကျီယူနီဖောင်းများကို ဝတ်ဆင်ကာ လမ်းလျှောက်ချီတက်ခြင်းအပြင် ဖျော်ဖြေသီဆိုမှုများလည်း ပြုလုပ်ခဲ့ကြသေးသည်။
လူငယ်များအနေဖြင့်လည်း ယင်းကဲ့သို့ လူ့အခွင့်အရေးနေ့တွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများအတွင်း သေဆုံး၊ ဒဏ်ရာရစသည့် လူ့အ ခွင့်အရေးများ ဆုံးရှုံနေမှုများနှင့် ပတ်သတ်၍လည်း တောင်းဆိုခဲ့ကြသည်။
ယင်းလမ်းလျှောက်ချီတက်ပွဲတွင် ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ယက်၊ မရမာကြီးလူငယ်များကွန်ယက်၊ မြိုလူငယ်များဖွံ့ဖြိုးရေးအဖွဲ့အစည်း၊ မျိုးဆက်သစ် အမျိုးသမီးများအဖွဲ့နှင့် People For People စသည့်အဖွဲ့အစည်းများမှ လူငယ်များနှင့် လူ့အခွင့်အရေးလိုလားသည့် လူငယ်များက ပါဝင်ခဲ့ကြသည်။
သတင်းဓာတ်ပုံ – ဒီဇင်ဘာလ ၁၀ ရက်နေ့က ကျင်းပသော လူ့အခွင့်ရေးနေ့ စုပေါင်းလမ်းလျှောက်မှု (ဓာတ်ပုံ – မျိုးဆက်သစ်အမျိုးသမီးများအဖွဲ့)
495 total views, 1 views today