ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်ထဲက လူငယ်တိအလုပ်လက်မဲ့ ဖြစ်နီရစွာ၊ အလုပ်အကိုင် အခွင့်အလမ်းမရှိလို့ နယ် ရပ်စွန့်ခွာကတ်ရစွာတိကို တတ်နိုင်သလောက် လျှော့ချပြီးကေ ကိုယ့်ဒေသမှာယာ လုပ်ကိုင်နိုင်ကတ်ဖို့၊ အမျိုးသမီးတိ အိမ်မှာနီရင်းနဲ့ ဝင်ငွေရနီဖို့  ဦးဆောင်ကြိုးစားနီရေပိုင် စီးပွားရေးလုပ်ငန်းတစ်ခုကိုလည်း ဦးစီးလုပ်ကိုင်နီရေ ရခိုင်အမျိုးသမီးတစ်ယောက်အကြောင်းကို ပြောပြပီးချင်ပါရေ။

သူကတော့ ပုဏ္ဏားကျွန်းသူ ဒေါ်မအေး ဖြစ်ပါရေ။

အစိုးရအမှုထမ်း မူလတန်းကျောင်းအုပ် ဆရာမတစ်ယောက်ဖြစ်ကေလေ့ ယင်းအလုပ်ကို စွန့်လွှတ်ခပြီးကေ အောင်မြင်ရေ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်ဖို့ကြိုးစားခသူပါ။ ရခိုင်ပြည်နယ်ရဲ့ တစ်ခုတည်းသော ရခိုင်ရိုးရာရက္ကန်းစက်ရုံကို တည်ထောင်သူဖြစ်တေပိုင် ဒေလုပ်ငန်းကို ကိုယ့်ဒေသမှာသာမက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံတကာထိပါ ထိုးဖောက်နိုင်ဖို့ အမြဲတမ်းတီထွင်ကြံဆနီသူလည်း ဖြစ်ပါရေ။

ဒေလုပ်ငန်းကို ဇာပိုင်စတင်ခလေ။ သူဘယ်လို ကြိုးစားခဲ့ရလေ။ အခက်ခဲတိကို ကျော်ဖြတ်ခရလေ။ အခုပိုင် စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာဖို့ ဇာအရာက တွန်းအားပီးခလေ စရေအကြောင်းအရာတိက စိတ်ဝင်စားစရာပါ။

“ရခိုင်ဆိုစွာ ရခိုင်ရိုးမ အနောက်ဖက်မှာရှိရေ။ ရခိုင်ရိုးမ အရှေ့ဖက်ကို ဖေချာမပီးကေ ရခိုင်သားတိ ဒယောမဝတ်ရ။ အကျွန်ရို့က ရခိုင်ရိုးမအနောက်ဖက်ခြမ်းမှာ ရောက်နိုင်အောင် ကြိုးစားမယ်။ ယင်းစိတ်ဓာတ်နဲ့ အကျွန်က စက်ရက်ကန်း ၃ စင်နဲ့ စတင်ခစွာ။ အများကြီးကုန်ကျခရေ။ တစ်ခုလေ့ မသိခ။ ဖြစ်တေပိုင် ရှာကြံပြီးလုပ်ခရေ။ ဆရာခေါ်သင်ရေ။ ကိုယ့်ဒေသက ယောက်ျားချေတိခေါ်သင်လို့ ဒယောလေ့ အကောင်းထွက်တယ်။ ယင်းခါသားက ၃၆ ယောက်လောက် အကျွန်အလုပ်ပီးနိုင်ခရေ။ ၂၀၁၆ ကလေ။”

ပုဏ္ဏားကျွန်းဇာတိ ဆိုကေလေ့ ၁၉၉၃ ခုနှစ်မှာ အိမ်ထောင်ကျခပြီးကေ ခင်ပွန်းနီထိုင်ရေ စစ်တွေမြို့နယ်၊ ကျား မသောက်ကျေးရွာကို ပြောင်းရွှီ့နီထိုင်ခပါရေ။ အချေခါကပင် လုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်ခရေ သူမရဲ့ အိမ် မက်တိကလည်း ယင်းရွာမှာဗျာလ် စတင်အကောင်အထည်ဖော်နိုင်ခစွာလို့ ဆိုရပါဖို့။ မူလတန်း ကျောင်းအုပ်ဆရာမတစ်ယောက်ဖြစ်ကေလေ့ ယင်းအလုပ်တစ်ခုတည်းအပေါ်မှာ အားကိုးတကြီးရှိမနီခရေပိုင် အဂတိကင်းရှင်းသူဖြစ်တာကြောင့်လည်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို လုပ်ဖြစ်ခစွာလို့ ဒေါ်မအေးက ပြောပြ ပါရေ။ ပထမပိုင်းမှာတော့ ကျောင်းဆရာမအလုပ်တစ်ဖက် သူလျှောက်လမ်းဖို့ အလုပ်တစ်ဖက်နဲ့ လုပ်ကိုင်ခပြီး ကေ ဝန်ထမ်းလုပ်သက် ၃၀ ပြည့်ရေခါ ဝန်ထမ်းဘဝကနီ ပင်စင်ယူခပြီးကေ ဒေလုပ်ငန်းကို ဇောက်ချလုပ် ကိုင်လာခစွာပါ။

“အရီးကဝန်ထမ်း။ မူလတန်းကျောင်းအုပ်ဆရာမ။ ဝန်ထမ်းတစ်ဖက်နဲ့  အလုပ်လုပ်ဖြစ်ခ စွာလေ။ ကျောင်းလေ့လားလိုက်။ အိမ်မှာလေ့ အလုပ်လုပ်လိုက်နဲ့ အမြဲတမ်းနီဖြစ်တေ။ ဝန်ထမ်းလစာတစ်ခု တည်းကိုလေ့ အားကိုးလို့ မနီတတ်ခ။ ကျောင်းဆရာမလုပ်လာရေ သက်တမ်းတစ်လျှောက် လုပ်သက် ၃၀ ပြည့်စွာနဲ့ အသက်လည်း ၅၀ ပြည့်ရေ။ ယပြီးကေ ပင်စင်ယူလိုက်တေ။ အခုတော့ ပင်စင်ယူစွာ ၁ နှစ်ပြည့်  လားယာ။ ကျောင်းဆရာမလုပ်ကေလေ့ ရိက္ခာနဲ့ သိက္ခာကို ၅ ပြားအပေါက်ဖို့လေ့ လဲလို့ မစားဖူးရေ ဆရာမ။ ကိုယ့်တပည့်အပေါ်မှာ ဆရာမတစ်ယောက်အနီနဲ့ ဇာပိုင် ကူညီပီးရဖို့လဲ။ ဇာလမ်းကြောင်းက ကူညီကေ ခရီး ရောက်ဖို့လဲ။ အားသွန်ခွန်စိုက် ယပိုင်လုပ်ပီးခလို့ ကိုယ်ကျရေနရာတိုင်းမှာ ကိုယ့်ပတည့်တိကလေ့ အားလုံး လေးစားကတ်တယ်။ ရွာသားတိလေ့ယပိုင်။”

ဒေပိုင်နဲ့ သူရေ ရခိုင်ရိုးရာအချိတ်ထည်တိ ရက်လုပ်ဖို့ ကြိုးပမ်းလာခရေလို့ ဆိုပါရေ။ ဒေပိုင်ကြိုးပမ်းရာမှာလေ့ ရက္ကန်းထည်တိနဲ့ နီသားတကျမရှိခရေ သူ့အတွက် အခက်ခဲတိကလေ့ အများကြီးကြုံတွိခရပါရေ။

“၁၉၉၈၊ ၉၉ ဝန်းကျင်လောက်က အရီးရို့ဒေသမှာ သိုးမွှီးစင်ရက်ကတ်တေ။ ပုဆို့ရက်စွာ။ အရီးရို့ကလေ့ မနီတတ်လို့ အလုပ်လုပ်ချင်ရေ။ ယကေ ပုဆို့ရက်တယ်။ ရန်ကုန်မှာလေ့ သိုးမွှီးစက်ရုံတိက ပွဲ စားတိပါးက ခြည်လုံးတိဝယ်ရေ။ မြဝတီ၊ မဲဆောက်ဖက်က သိုးမွှီးတိချရေ။ ယပိုင်နဲ့ အရီးက ပုဆို့တိရက်တေ။ ရက္ကန်းပေါ့။ ပုဆို့ရက္ကန်းကစရေ။ စရင်းနဲ့ ရခိုင်အချိတ်ထဘီဖက်ကို ကူးပြောင်းကြည့်ရေ။ ကူးပြောင်းကြည့်ခါ ကိုယ့်ရို့အထည်တိက တကယ့်ဈီးကွက်ထဲမှာ သူများတိုင်းနဲ့ ပြည်နယ်နဲ့ ယှဉ်ကြည့်ကေ မမှီ။ အရည်အသွေးညံ့လာခရေ။ လူတိကလေ့ Traditional တစ်အနေနဲ့ရာ လက်ခံထားကြတယ်။ တကယ့် အမြတ်တနိုးနဲ့ တန်ဖိုးထားရေအထဲကို ရောက်မလာ။”

ပထမပိုင်းမှာတော့ကေ သူရေ သူရို့ဒေသမှာ လုပ်ကတ်တေတဲ့အတိုင်းလုပ်ခကေလေ့ သူရို့ဒေသကထွက်တေ အထည်တိရေ တစ်ခြားဒေသကထွက်တေ အထည်တိပိုင် အရည်အသွေးမကောင်းလို့ ဈီးကွက်မဝင်ဆိုစွာကို သိလာခပါရေ။ ယင်းတွက်နန့် သူရို့ထုတ်တေ အထည်တိလေ့ သူများဒေသကထုတ်ကုန်ပိုင် အရည်သွေး ကောင်းပြီးကေ ဈီးကွက်ဝင်နိုင်ဖို့ မြန်မာပြည်အနှံ့လားလို့ လေ့လာခရေလို့ ဆိုပါရေ။ ဒေပိုင်လားရောက် လည်ပတ်ကြည်ရှု့ရင်းနဲ့ မိတ်ဆွေတစ်ဦးရဲ့ အကူအညီကြောင့် သူလိုအပ်နီရေ နည်းပညာကို ရရှိလာခစွာပါ။ ယင်းနောက်မှာ ရက္ကန်းစင် ၃ ခုနဲ့ စတင်ပြီးကေ လုပ်ကိုင်ခစွာဖြစ်ပါရေ။

“အရီးလေ ကျောင်းပိတ်စွာနဲ့ ဥပမာအားဖြင့် အောက်တိုဘာ Holiday ရို့ ဒီဇင်ဘာ အားလပ်ရက်၊ နွေရာသီ Summer Holidays ရို့မှာ အထက်မြန်မာပြည်ကိုလားရေ။ အင်းလေးကိုလားရေ။ အမရပူရကို လားရေ။ ပြည်ကိုလားရေ။ မိတ္ထိလာ၊ ဝမ်းတွင်း၊ ဆိပ်ခွံ အားလုံးကို လားရေ။ လားကြည့်ခါ ဆိတ်ခွံ မှာလားတွိရေ။ စိတ်ကောင်းနှလုံးကောင်းနဲ့ အေးမပိုင် အကူအညီပီးတတ်တေ သူကလေ့ ဦးဂျမ်းရို့ပါးမှာ ဒယောတိ ခပ်သွင်းနီစွာ။ ခြည်ဆိုလေ့ လုံးဝအကောင်းကိုမှ သုံးရေ။ မဘုတ်လို့ခေါ်ကတ်တေ။ ဒေါ်ကြည်နှင်း ဝေလတ် နာမေက။ သူစပြီးလုပ်ပီးစွာ ကျေးဇူးတိကောင်းရှိရေ။ သူ့ကိုလေးစားရေ။ သူဆိပ်ခွံ တရွာလုံးကို လည်ပြီးကေ ပတ်ပြရေ။ ဆေးကိုက ဇာပုံစံဆိုးရေ။ အထည်ကို ဇာပိုင်ခတ်တယ်။ ဆိုခါ အရီးက အေးမ အကျွန့်ကို ရက္ကန်းစင် ၃ ခုလောက်ကူညီပီးလို့ ရဖို့လားဆိုပြီးပြောခါ ရရေလတ်။ ယင်းမှာရာ စလို့သိကတ်စွာလေ အမှန်ဆိုကေ။ တန်ဆောင်မုန်းလကျခါ ရက္ကန်းစင် ၃ ခုဝယ်ဖို့ ငွေလွှဲပီးလို့ အပေါက်အမြစ်စုံအောင် အားလုံးဝယ်ပီးရေ။ ယပိုင်ဆိုခါ ဆရာလိုရေ။ ဆရာလိုလို့ ဆရာသားဖနှစ်ယောက်ကို ၂ လမှာ ၁၄ သိန်းပေးပြီးကေ ခေါ်ခရရေ။ စွန့်စားလိုက်တယ်။ စွန့်ဦးတီထွင်အစစ်ယေ အရီးစော်။”

ဒေလုပ်ငန်းကို တည်ထောင်ရရေ ရည်ရွယ်ချက်ထဲမှာ ကိုယ်ပိုင်စီးပွားရေးအကျိုးအမြတ်ထက် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းဖြစ်စီဖို့၊ ပျောက်ကွယ်လုနီးနီးဖြစ်နီရေ ရခိုင်ရိုးရာရက္ကန်းထည်တိကို ရိုးရာအထည် တစ်ခုလို့ သတ်မှတ်ရုံမက ပြန်လည်အသုံးပြု လာကတ်စီဖို့ စရေအချက်တိကလေ့ ဦးစားပီးအနေနဲ့ ပါဝင်ပါရေ။

“တိုင်းရင်းသားရိုးရာအထည်ထဲမှာ ရခိုင်ထည်နဲ့ ပွဲလားရေဆိုကေ  ဂုဏ်ရှိရေ။ ကျက်သ ရေရှိရေပေါ့။ ယင်းပိုင်တစ်ခေတ်ခရီးပေါက်ခဲ့ဖူးရေ။ ခုနောက်ပိုင်းမှာ ခြည်မကောင်းစွာတိလည်းပါရေ။ စီးပွားရေး ကျရေပေါ့။ ဆင်းရဲမွဲတေမှုလေ့ ရှိရေဆိုခါ ခြည်အကောင်းနဲ့ မလုပ်လို့ Quality မကောင်းပိုင် ဖြစ်လာခစွာတိ ရှိရေ။ အရီးကတော့ ချိတ်လိုင်းကို ထဘီ၊ ပုဆိုးရက်တေဖက်ကို ကူးပြောင်းကြည့်ခါ ကိုယ့်ရို့အထည်တိက တကယ့်ဈီးကွက်ထဲမှာ သူများတိုင်းနဲ့ ပြည်နယ်နဲ့ယှဉ်ကြည့်ရင်မမှီ။ အရည်အသွေးညံ့လာခရေ။ လူတိကလည်း  Traditional တစ်အနေနဲ့ပဲ လက်ခံထားကတ်တေ။ တကယ့် အမြတ်တနိုးနဲ့ တန်ဖိုးထားရေအထဲကို မရောက် လာ။ ဇာပင်ပြောပြော အခုက တိုင်းရင်းသားဝတ်စုံတိဆိုလေ့ အများကြီး လုပ်လာကတ်ခါ ကိုယ်ရို့အထည်အတွက်လေ့ နေရာချေတစ်ခုတော့ ရပြီးကေ မှန်ကန်ရေဈီးကွက်ချေတစ်ခုလေ့ ရစီချင်ရေ။ ပြီးမှလေ့ ကိုယ့်ဒေသက အချေတိကလည်း ရက္ကန်းအလုပ်သမားတိလည်း အလုပ် အကိုင်အခွင့်အလမ်းတိများလာဖို့။ နေရပ်ကို စွန့်ခွာလို့လားရေ အချေတိကလည်း ဇာပင်ဖြစ်ဖြစ် ကိုယ့် ဒေသမှာ အလုပ်တစ်ခုရှိရေဆိုကေ လူနေမြဲဖို့ ကိုယ့်နေရပ်ကို မစွန့်ဘဲနဲ့ ၁၀ ယောက်လားဖို့ အထဲမှာ ၂ ယောက်လောက် ပင် ကိုယ့်ဒေသမှာ ကျန်ကျန်  မြဲလာဖို့။ ကိုယ့်ဒေသမှာ စီးပွားချေတစ်ခုဖော်ဆောင် နီရေဆိုကေ ယင်းပိုင် ဖြစ်နိုင်ဖို့လေ့ ကိုယ်ရို့အထည်က သူများတိုင်းနဲ့ ပြည်နယ်ကို ယှဉ်နိုင်ဖို့လိုရေ။”

ဒေပိုင်သူရဲ့ ဖြစ်ကိုဖြစ်ရမယ်ဆိုရေ ခံယူချက်ကြောင့် ၂၀၁၄ ခုနှစ်မှာ “ရွှေကျား”လို့ နာမေရရေ ရခိုင်ရက္ကန်းထည် လုပ်ငန်းစက်ရုံကို တည်ထောင်နိုင်ခရေလို့ ဆိုပါရေ။ ရွှေကျားလို့ နာမေပီးဖြစ်တေ အကြောင်းအရင်းကလေ့ ဆန်းကြည်ပါရေ။

“အရီးကို လူတိုင်းက မီးကတ်တေ။ “ရွှေကျား”လို့ ဇာလို့နာမေပီးထားစွာလဲလတ်။ ကျားမသောက်ရွာမှာ နီရေ။ ကျားမသောက်ရွာက ရီကိုသောက်တေ။ ကျားမသောက်ရွာက ထမင်းကိုစားရေ။ ကျားမသောက် သူမ ဟုတ်တယ်မလား။ ယင်းချင့်ရွှေကျားယေ။ တစ်ယောက်ကိုလေ့ ဗေဒင်မီးစရာလည်း မလို။ ကျားမသောက်ရွာ မှာနီကေ ရွာကိုအရင်ဆုံးတင်စားရဖို့။ ကိုယ့်ရွာကို အရင်ဆုံးတင်စားရဖို့။”

စင်ငယ်ချေ ၃ စင်နဲ့ စတင်ခရေ အဆိုပါ ရက္ကန်းလုပ်ငန်းချေဆိုကေ နှစ်အနည်းငယ်ကြာရေ နောက်မှာတော့ကေ ဒေသခံအယောက် ၁၀၀ ကျော်လောက်ကို အလုပ်ပေးထားနိုင်ဗျာလ်ဖြစ်တေပိုင် ယင်းလုပ်ငန်းက ထွက်ရှိရေ အထည်တိကိုလေ့ ရခိုင်ပြည်နယ်ရဲ့မြို့နယ်အနှံ့အပြားမှာရာမက မြန်မာတစ်ပြည်လုံးမှာလေ့ ဖြန့်ချိလျှက် ရှိနီပါဗျာလ်။

“အရီးကတော့ ဈီးကွက်ချဲ့ရေအနီနဲ့ နေပြည်တော်မြို့မဈီးမှာ တစ်ဆိုင်ဖွင့်ထားရေ။ ပြင်ဦးလွင်မှာ တစ်ဆိုင်ဖွင့်ထားရေ။ Local Market အနီနဲ့ဆိုလို့ရှိကေတော့ အမှာရှိကေ ရန်ကုန်ပို့ရေ။ ဒယောဆိုကေတော့ ရောင်းကောင်းရေ။ ကောင်းလည်းကောင်းလို့။ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ မာန်အောင်၊ မင်းပြား၊ ပေါက်တောဆိုပိုင် ကိုယ်ကအများကြီး မထုတ်နိုင်သိလို့ မြို့နယ်တိုင်းကိုတော့ မရောက်သိမ့်။”

အသက် ၅၁ နှစ်ရှိနီဗျာလ်ဖြစ်တေ ကျောင်းဆရာမကြီး အငြိမ်းစား ဒေါ်မအေးရေ ပြည်တွင်းမှာတင်မကပဲ အခုဆိုကေ နိုင်ငံတကာမှာလေ့ ဆက်လက်ထိုးဖောက်နိုင်ဖို့ ကြိုးပမ်းနီဗျာလ် ဖြစ်ပါရေ။

“ရက္ကန်းလုပ်ငန်းဆိုစွာ စက်ရက္ကန်း၊ လက်ရက္ကန်းနှစ်ခုရာကွာရေ။ ရက္ကန်းလုပ်တယ်ဆိုပြီး ကေ ဒယောနဲ့ ထဘီနှစ်ခုတည်းကို ကြည့်နီလို့မရ။ နိုင်ငံတကာဈေးကွက်မှာ ဒယောကိုတစ်ယောက်လေ့ မဝတ်တေပိုင် ထဘီကိုလေ့ တစ်နိုင်ငံလေ့မဝတ်။ အကျွန်ရို့ ဇာလုပ်နိုင်ရဖို့လဲ။ သူများနိုင်ငံကလက်ခံဖို့ ဇာပိုင်အရည်အသွေးနဲ့ လုပ်ရဖို့လဲ။ ဇာထုတ်ကုန်လုပ်ကေ ကောင်းဖို့လဲဆိုရေအတွေးတိရေ အရီးမှာ ရှိနီရေ။ အခုလောလောဆယ် အရီးထုတ်နီစွာ နှစ် ၈၀ ခံရေ အင်္ကျီပိတ်စ အမျိုးသားဝတ် အရည်သွေးကောင်းကောင်းနဲ့  Shirt အင်္ကျီတိ ထုတ်နီယာ။ ပုဝါတိထုတ်တေ။ ယချင့်တိနဲ့ အင်တာနေရှင်နယ်လမ်းကြောင်းကို သွားဖို့ကြိုးစား နီရေ။”

ခက်ခဲကြမ်းတမ်းရေ ဇာအခြေအနေမှာပင် ရောက်နီရောက်နီ အရှုံးပီးပြီးကေ လှည့်ထွက်လားဖို့ အထဲမှာတော့ ဒေါ်မအေး မပါပါ။ သူလိုချင်စွာ၊ ဖြစ်ချင်စွာကို ရအောင်ကြိုးစားတတ်တေ လူစားမျိုးပါ။ သူပါးလိုက်တေ စကား လက်ဆောင်တစ်ခွန်းကတော့

“လုပ်ချင်လာ။ ဖြစ်ချင်လာ။ တကယ်လုပ်။ အဟုတ်ဖြစ်ရမည်။ စိတ်ဓာတ်မကျကေ့။ ကိုယ်ဖြစ်ချင်စွာတစ်ခုကို ကိုယ်လုပ်ကေ နောင်တစ်ချိန်မှာဖြစ်လာမယ်။ ဖြစ်ချင်လို့ မလုပ်ပဲနီကေ တစ်ခုလေ့ ဖြစ်လာဖို့ မဟုတ်။”

 563 total views,  1 views today