အောင်အောင်ထူး | Arakan Yoma

ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်ရင် တစ်ချို့အအေးဆိုင်လေးတွေမှာ “သံကျောင်းရှေ့မကျည်းဖျော်ရည်” ရ ပြီ။ ယနေ့ “သံကျောင်းရှေ့မကျည်းဖျော်ရည်” ရပါပြီ။ စသဖြင့် ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်ငယ်လေးတွေ မြင်မိ ကြမှာပါ။

မကျည်းဖျော်ရည်ဆိုတာကတော့ မကျည်းသီး၊ ထန်းလျက်တို့နဲ့ ပြုလုပ်ထားတဲ့သဘာဝစစ်စစ်ဖျော်ရည်တစ်ခုပါ။ ဒီဖျော်ရည်ဟာ ကျန်းမာရေးအတွက်ကောင်းသလို ပူအိုက်တဲ့ ရာသီတွေမှာ မရှိမဖြစ်တဲ့ ကဏ္ဍက ပါဝင်ပါတယ်။ ဒီဖျော်ရည်ကို လူတိုင်းက ပြုလုပ်တတ်ကြပေမယ့် တကယ့်ကောင်းမွန်ပြီး စနစ်ကျတဲ့ ပုံစံမျိုးထုတ်လုပ်နိုင်သူက တော့ ရှားပါမယ်။

“သံကျောင်းရှေ့မကျည်းဖျော်ရည်”လို့ ဆိုလိုက်တာနဲ့ စစ်တွေမြို့မှာ ကလေးက အစသိပါတယ်။ ဒီလို လူသိများ ရတာက ဘာကြောင့်လဲ။ မကျည်းဖျော်ရည်ကို ဘယ်သူတွေက ပြုလုပ်တာလဲ။ ဘယ်အချိန်မှာ စတင်ခဲ့ပြီးတော့ ဘယ်အချိန်မှာ နာမေရလာခဲ့သလဲ။ “သံကျောင်းရှေ့မကျည်းဖျော်ရည်”လို့ကော ဘာကြောင့်ခေါ်ကြတာလဲ။ နာ မေမရခင်ကကော ဘယ်လိုအခက်ခဲတွေ ရှိနေခဲ့သလဲ။ စတဲ့ ဒီမကျည်းဖျော်ရည်နောက်ကွယ်က လူမှုဘဝအ ကြောင်းကို တင်ပြပေးချင်ပါတယ်။

မကျည်းဖျော်ရည်ရောင်းဖို့ အကြောင်းဖန်လာခဲ့တာကတော့ ဒီလိုပါ။

“ဒီလုပ်ငန်းကို အိမ်ရှင်ကအရင်လုပ်ချင်ခဲ့တာ။ မကျည်းဖျော်ရည်ရောင်းကြမယ်တဲ့ အန်တီက သဘောမတူခဲ့ဘူး။ သူက ဘဏ်ရှေ့မှာတစ်ခါ ရောင်းလို့မြင်ခဲ့တယ်ဆိုတော့ အန်တီက မကျည်းသီးဖျော်တာကို ဘယ်သူသောက်မှာ လည်းဆိုပြီးပြောတော့ သူကလုပ်ချင်လို့ လုပ်ကြတာ။ ဒါပေမဲ့ သူကပါးစပ်ကသာပြောတာ လုပ်တော့ အန်တီပဲ လုပ်ရတာလေ။ သူကရှက်တတ်တော့။ ပထမဆုံး စဥ့်အိုးလေး၊ ဗူးလေးကို ခုံလေးမှာတင်ပြီးရောင်းကြတာ။ သိပ် ရောင်းမကောင်းခဲ့ဘူး။ နေပူတော့ ဟိုဖက်ရွှေ့၊ ဒီဖက်ရွှေ့နဲ့ ရောင်းခဲ့ကြတာ။ နောက်တော့မှအိမ်ရှေ့မှာ အခေါင် မိုးငယ်လေးမိုးပြီးတော့လုပ်ခဲ့တာ။”

မကျည်းဖျော်ရည်ရောင်းချတဲ့ အသက် ၅၇ နှစ်အရွယ် အန်တီ ဒေါ်လှလှက အခုလို ပြောပြသွားတာပါ။

လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းက လုပ်ကိုင်လာခဲ့ကြတာဖြစ်ပြီး အဲဒီတုန်းကတော့ ဒီဖျော်ရည်တစ်ခုတည်း ရောင်းခဲ့ကြတာ မဟုတ်ပါဘူး။ မိသားစုစားဝတ်နေရေးနဲ့ သား၊ သမီးတွေရဲ့ ပညာရေးအဆင်ပြေဖို့အတွက် မ ကျည်းဖျော်ရည်ကတစ်ဖက်၊ တစ်ခြားကုန်ခြောက်လေးတွေကတစ်ဖက် ရောင်းချလာခဲ့ကြတာ ဖြစ်ပါတယ်။

“လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်လောက်ကတည်းက လုပ်လာခဲ့တာ။ ဒါပေမဲ့ ဒီလိုမတွင်ကျယ်ဘူး။ လမ်းဘေးမှာ လုပ်ရင်းလုပ်ရင်းနဲ့ ဒီ ၁၀၊ ၉ နှစ်လောက်မှာမှ နာမေရလာတာ။ ဒီလိုနာမေကောင်းရအောင်တော့ မလုပ်ခဲ့ဘူး။ ထမင်းစားရေးအတွက် အဆင်မပြေဘူး။ သား၊ သမီးလေးတွေ စာတတ်ဖို့လိုလို့ ဒါလေးတစ်ခု ရောင်းကောင်း အောင် ဘယ်လိုလုပ်ရမလည်းပေါ့ ကြိုးစားတယ်။ နာမေကိုတော့ စိတ်ကူးထဲမှာတောင်မထည့်ခဲ့ဘူး။ ကလေး ၄ ယောက်စာတတ်အောင် ဆိုပြီးတော့ ကြိုးစားခဲ့တာ။ ကလေး ၄ ယောက်ကို  ဆယ်တန်းအောင်စေချင်တယ်။ အ လုပ်အကိုင်လေးတွေ ရစေချင်တယ်ဆိုပြီးတော့ ဒါလေးကိုလုပ်တယ်။ ကွမ်းယာဆိုင်ရောင်းတယ်။ အန်တီက အ ဆင်ပြေတာရောင်းတယ်။ အသီးဖနှံတွေ၊ ကြံတွေကအစရောင်းတယ်။ ဒီကလေးတွေ စာတတ်ဖို့အတွက်ပေါ့။ အ ခုတော့ ကလေးတွေက ဆယ်တန်းအောင်၊ အလုပ်ရ၊ အထက်တန်းကျောင်းဆရာမပေါ့။”

ဒီလိုရောင်းချကြရင်းနဲ့ သူတို့မှာ ဆိုင်ဖျော်ရောင်းရရုံမကလို့ တစ်ဆင့်ရောင်းချမယ့်သူတွေရော လာဝယ်ကြသလို နယ်တွေနဲ့ ပွဲလမ်းသဘင်တွေကလည်း အော်ဒါမှာတာတွေ ရှိလာခဲ့ပါတယ်။ ရောင်းအားကောင်းလာခဲ့တယ်လို့ ဆိုပေမယ့် လွန်ခဲ့တဲ့ ၁၀ စုနှစ် ၂ ခုကျော်လောက်ကတည်းက စတင်ရောင်းချလာခဲ့တဲ့ သူတို့ မကျည်းဖျော်ရည် ကို လူကြိုက်များလာတာ ၁၀ နှစ်လောက်တောင် မရှိသေးပါဘူး။

“ဒါကရာသီပေါ်အလုပ် တစ်နှစ်မှာ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်လတောင် မရောက်ဘူး။ နောက် ပြီးတော့ တပေါင်း၊ တန်ခူး၊ ကဆုန်၊ ၃ လ၊ တစ်နှစ်မှာ ၂ ကြိမ်၊ ၁၂ လမှာ  ၅ လလုပ်ပြီး ၇ လနားရတယ်။ ရာသီ ပေါ်အလုပ်ပေါ့။ တစ်ယောက်တည်းလုပ်လို့ရတဲ့ အလုပ်မဟုတ်ဘူး။ မိသားစုနဲ့လုပ်ရတယ်။ အန်တီကလည်း ၅ နာရီကထတယ်။ မနက် ၅ နာရီမထိုးခင်ထပြီးတော့ မျက်နှာသစ်ပြီးရင် ဘုရား(သံကျောင်း) ကိုသွားတယ်။ ကျောင်းမှာတံခါးဖွင့်တယ်။ သန့်ရှင်းရေးလုပ်တယ်။ အိမ်ရှင်လည်းထရတယ်။ သူက မကျည်းသီးနယ်တယ်။ သူနှယ်ပြီးတာနဲ့ အန်တီက စပ်တယ်။ ပြီးရင် သမက်တစ်ယောက်ခေါ်ထားတယ်။ ရေခဲတွေဘာတွေ ကျုံးပေးဖို့။ ကိုယ်ကလိုက်မမှီဘူးလေ။ အဲဒီလို ဝိုင်းလုပ်ကြရတာ။”

တစ်ယောက်စကား၊ တစ်ရွာနားဆိုသလို သူရဲ့မကျည်းဖျော်ရည်ကို တဖြည်းဖြည်းနဲ့ လူသိများလာခဲ့တယ်လို့ ဆို ပါတယ်။ အဲဒီနောက်ပိုင်းမှာ သောက်သုံးသူ ပရိသတ်တွေအနေနဲ့ ဘာအခက်ခဲသွားတွေ့လဲဆိုတော့ ဆိုင်မှာ နာ မေပေးလို့ မရှိတာပါ။ ဆိုင်မှာနာမေ မရှိတာကြောင့် တစ်ချို့လူတွေဟာ လာသောက်ချင်ကြပေမယ့် ဆိုင်ကို ရှာ မတွေ့ကြပါဘူး။

ဒါပေမဲ့ အဲဒီဆိုင်ဟာ စစ်တွေမြို့က ရှေးကျတဲ့ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းဖြစ်တဲ့ ဦးရဲကျော်သူကျောင်း၊ တစ်နည်းအားဖြင့် သံကျောင်းလို့ လူသိများတဲ့ ဘုန်းတော်ကြီးကျောင်းရှေ့မှာ တည်ရှိတာကြောင့် “သံကျောင်း ရှေ့မကျည်းဖျော်ရည်” ဆိုပြီး လာရောက်သောက်သုံးတဲ့ ပရိသတ်တွေက ခေါ်ကြရင်းနဲ့ အခုလို နာမေတွင်သွား ဖြစ်ပါတယ်။

“သံကျောင်းရှေ့မကျည်းဖျော်ရည်လို့ အန်တီတို့ မပေးဘူး။ ဝယ်တဲ့သူတွေက သံကျောင်းရှေ့က သွားဝယ်။ သံ ကျောင်းမကျည်းဖြေရည်သွားဝယ်။ ဒီလို ကျမတို့ ထားတာမဟုတ်ဘူး။ ဒီဖျော်ရည်ကို သောက်တဲ့၊ ဝယ်တဲ့ ပရိ သတ်ထားခဲ့တာ ကိုယ်တွေက သံကျောင်းမကျည်းဖျော်ရည်လို့ ပေးမထား။ ဒီလို သောက်ကြတဲ့၊ ဝယ်ကြတဲ့ သူ တွေရဲ့ ပါးစပ်ကထွက်လာတာ။ တစ်ချို့ကတောင် နားမလည်တော့ သံကျောင်းမကျည်းဖျော်ရည်ဆိုတော့ သံ ကျောင်းထဲက သွားဝယ်ကြသတဲ့။ ဒါကြောင့် အန်တီရဲ့အိမ်ရှင်က ရွာသားတွေလာဝယ်ကြတယ်။ ဆိုင်းဘုတ် လေးတစ်ခု ကတ်ပေးလိုက်ကြမယ်ဆိုလို့ ကပ်ထားလိုက်တာ။”

ဒီလိုနာမေကြီး၊ လူသိများလာရတဲ့နောက်ကွယ်မှာလည်း အကြောင်းရှိပါတယ်။ ဘာကြောင့်ပါလိမ့်။

“အန်တီမကျည်းဖျော်ရည်ရောင်းတဲ့အခါမှာလည်း အန်တီက စေတနာပိုင်းအများကြီး ထည့်ထားတယ်။ စေတနာ ကို တစ်ဝက်ကျော်ထည့်ထားတယ်။ သူတို့ ဝယ်လာတာနဲ့ ကိုယ်နဲ့အဆင်ပြေဖို့လိုတယ်။ မိုးလင်းရင်ဖောက်သည် ရှိတယ်။ အနည်းဆုံး ဖောက်သည် ၁၀၀၊ ၉၀ တော့ ရှိတယ်။ သူတို့အဆင်ပြေအောင် သူတို့ကျေနပ်အောင် လုပ် ပေးတယ်။ သူတို့အမြတ်ရအောင် လုပ်ပေးတယ်။ သူတို့ရောင်းမယ့် နည်း၊ စနစ်လေးတွေကအစ ပြောပေးတယ်။ ဆိုတော့ သူတို့ဆီက ခင်မင်မှုတွေ အများကြီးရလာတယ်။ ကိုယ်ကလည်း သူတို့ကို ခင်မင်မှုအများကြီးပေးထား တယ်။ အဆင်ပြေအောင် လုပ်ထားတယ်။ သူတို့ပြေမှ ကိုယ်ပြေမယ်လေ။ ပြေအောင်လုပ်ပေးရတာပေါ့။ ဆို တော့ တဖြည်းဖြည်းနဲ့ ယူသားများလာတယ်။”

ဒီလိုမွန်မြတ်တဲ့ စိတ်ထားတွေရဲ့ အကျိုးပေးမှုကြောင့် လမ်းဘေးမှာစပြီး ရောင်းချခဲ့တဲ့ ဒေါ်လှလှတို့ဇနီးမောင်နှံ ရဲ့ လုပ်ငန်းလေးဟာ အောင်မြင်တဲ့အနေအထားတစ်ခုကို ရောက်လာလို့ စားဝတ်နေရေးအပြင် သား၊ သမီးတွေ ရဲ့ ပညာရေးကိုလည်း ဆုံးခမ်းတိုင်အောင် သင်ပေးနိုင်ခဲ့လို့ စိတ်အေးနေရပါပြီ။

ဒါတောင်မက သူရဲ့လုပ်ငန်းလေးကြောင့် ရာနဲ့ချီတဲ့ တဆင့်ခံဝယ်ပြီး ရောင်းချတဲ့ သူတွေဟာလည်း အဆင်ပြေ နေကြရပါပြီ။

“ဒီအဖျော်ရည်ကို မှီခိုပြီး လူပေါင်း ၉၀၊ ၁၀၀ လောက်က ထမင်းစားနေကြတော့ အန်တီဆိုင်မပိတ်ရဲဘူး။ တစ် ကယ်တမ်းဆိုရင် ၅ ရက်ပိတ်လို့ ဇိမ်ခံလိုက်လို့ အန်တီဘာမှဖြစ်မသွား။ သို့သော် အန်တီဆိုင်လေး ၁ ရက်ပိတ် လိုက်တာနဲ့ လူ ၁၀၀ ကျော် ထမင်းစားနေရတာ။ အန်တီကို ဘယ်လောက်ထိ ပြောကြလဲဆိုတော့ အန်တီတဲ့ အန်တီဟာ ကျမတို့ဘဝတွေအတွက် ကျေးဇူးရှိပါတယ်တဲ့ ကျမတို့မှာ မိုးရာသီဆိုရင် အကြွေးတွေကျတယ်တဲ့ နွေရာသီရောက်လို့ အန်တီရဲ့ ဖျော်ရည်ရောင်းလိုက်ရင် အကြွေးတွေကျေသွားတယ်တဲ့ ဖျော်ရည်က အဆင်ပြေ တယ်တဲ့ ဒါတွေကို အန်တီရဲ့နားမှာ ကြားနေတယ်။ ဆိုတော့ အန်တီက ငါ ၅ ရက်ပိတ်လိုက်လို့ ဇိမ်ခံပစ်လိုက် လို့ရပေမဲ့ ဒီလူတွေဟာ ထမင်းဘယ်လို စားကြမလဲ။ ဘယ်လိုအဆင်ပြေကြမလဲ ဆိုပြီးတော့ အန်တီက သနား တယ်။ ဒါကြောင့် ဆိုင်ကို မပိတ်ရဲဖြစ်နေတာ။ ဒါပေမဲ့ ကိုယ့်အိမ်မှာ ၁ နှစ် ၁ ခါ အလှူပွဲလုပ်တယ်။ အဲဒီနေ့မှာ ပိတ်လိုက်တယ်။”

ဒီလို သူမရဲ့ လုပ်ရပ်တွေကြောင့်လည်း သူ့ကိုသူ ဂုဏ်ယူနေတတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။

“ကိုယ့်ဟာကိုယ်တော့ ကျေနပ်တယ်။ အများပြည်သူ ကိုယ့်လုပ်ငန်းလေးကြောင့် ထမင်းစားရတယ်။ ပြီးတော့ ပင်လည်းမပင်ပန်းကြဘူးလေ။ အန်တီက အလိုက်သင့် ဖျော်ပေးထားတယ်။ ရေခဲကိုလည်း အလိုက်သင့်ပေး ထားတယ်။ သံပုရာသီးရောပဲ။ ဆိုတော့ အဖျော်ရည် ၁ ထောင်ဖိုး၊ သံပုရာသီး ၅၀၀ ရာဖိုး၊ ပိုက် ၂၀၀ ဖိုးပေး၊ ဆို တော့ တစ်ခါတည်းနဲ့ အကုန်လုံးပါတယ်။ သူတို့ကျေနပ်ကြတယ်။ ဘာမှမပင်ပန်းဘူး။ ကိုယ့်အိမ်ရောက်သွားရင်  ဗူးလေး၊ ခွက်လေးချရင် ရောင်းတော့။ သူတို့လက်နဲ့ မလုပ်ရဘူး။ အဲဒီလိုလည်း လွယ်ကူတယ်။ အအေးမို့လို့ လည်း အများကြီး ကြိုက်ကြတယ်။”

တစ်ခါတစ်လေမှာတော့ သူတို့နာမည်ကို အသုံးချပြီး ရောင်းချတဲ့သူတွေလည်း ရှိပါတယ်။ ဒီလုပ်ရပ်တွေကြောင့် ဒေါ်လှလှအဖို့ စိတ်မကောင်းဖြစ်ရပေမယ့် မေတ္တာတရားနဲ့ပဲ တုံ့ပြန်တတ်သူမို့ ဒါကတော့မဖြစ်စလောက်လေးပါ။

“အန်တီကို ရန်ကုန်ကမှာကြတယ်။ ပူတဲ့ရာသီမှ လုပ်တာလေ။ ဆိုတော့ လုပ်တဲ့နေ့တစ်ညထားရတယ်။ ကားမှာ တစ်ည။ ရက်တစ်ရက်။ နောက်နေ့မှ ရောက်သွားမယ်။ ၄၊ ၅ ရက်ကြာသွားတော့ အန်တီတို့ ပစ္စည်းကမကောင်း ဖြစ်သွားမယ်။ ဒီလို မထည့်နိုင်တော့ စိတ်မကောင်းဘူး။ အဲဒီကိုပါ ပို့လို့ရမယ်ဆိုရင် အန်တီက အမြတ်ကို အဓိ က မထာဘူး။ အန်တီလက်ရာ သောက်ကြရအောင်အတွက်လေ။ ဒါကိုမှ တစ်ယောက်က အန်တီနာမေနန့် ရန် ကုန်ထည့်တယ်။ ကားဂိတ်က အန်တီတူမလေးက အန်တီနာမေနန့် ထည့်တယ်ဆိုပြီး အန်တီကိုတိုင်တယ်။ ဒါ ပေမယ့် အန်တီက ထည့်လည်းထည့်ပါစေတော့ သူအဆင်ပြေဖို့လိုတယ်လို့ ပြောလိုက်တယ်။”

သူ့ရဲ့ပရိတ်သတ်တွေ အဆင်ပြေအောင် တိုးချဲ့လုပ်ကိုင်ချင်ပေမယ့်လည်း လက်ရှိအခြေနေမှာတော့ စိတ်သွား တိုင်းကိုယ်မပါနိုင်တော့တဲ့ အရွယ်ရောက်နေပြီဖြစ်လို့ တရားဘာဝနာဖက်ကို ကူးပြောင်းပြီးတော့ သူ့လုပ်ငန်းကို သား၊ သမီးတွေဆီကိုပဲ လက်ဆင့်ကမ်းရတော့မှာ ဖြစ်ပါတယ်။

“အခုက အန်တီကကျောင်းအလုပ်(ဘာသာရေး)ကို လုပ်ချင်တဲ့ ဆန္ဒရှိနေပြီ။ ဒီအလုပ်ဟာ ဘုံဆိုင်အလုပ် သား၊ သမီးစားဖို့။ ဝိပဿနာအလုပ်က ကိုယ့်သွားမယ့်အလုပ်။ အဲဒီအလုပ်ကို လုပ်ချင်တဲ့အတွက်နဲ့ အန်တီကစိတ်ကူး ထားတယ်။ နောက် ၄၊ ၅ နှစ်ဆိုရင် မလုပ်တော့ဘူး။ အဲဒီအချိန်မှာ ကိုယ့်မှာ သား၊ သမီး ၄ ယောက်ရှိတယ်။ ဘယ်သူလုပ်မလဲ။ ဘယ်သူဆန္ဒရှိလဲ။ ရှိတဲ့သူကို ညွှန်ပြပေးလိုက်မယ်။”

တစ်ခြားနေရာက ဧသည့်သည်တွေကလည်း စစ်တွေမြို့ကို ရောက်ရင် “သံကျောင်းရှေ့မကျည်းဖျော်ရည်”ကို မြည်းစမ်းကြည့်သွားကြပါဦး။ တစ်ခွက် ၂၀၀ ပဲရှိပါတယ်။

 857 total views,  1 views today