Arakan Yoma |

နိုင်ငံပေါင်း ၆ ခုက ပါဝင်ရေ မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံတိအတွက် ချီးမြှင့်ဖို့ ၂၀၁၉ ခုနှစ် မဲခေါင်စာပေဝတ္ထုရှည်ဆုကို ရခိုင်စာရေးဆရာကြီးတစ်ဦးဖြစ်တေ ဖိုးကျော့က ရရှိလားပါရေ။

မြန်မာနိုင်ငံစာရေးဆရာအသင်း (၁၀) ကြိမ်မြောက် မဲခေါင်စာပေရွေးချယ်ရေး ကော်မတီ၏ အပြီးသတ် စိစစ်ချက်တိအရ ဝတ္ထုရှည်ဆုကို ဆရာကြီးဖိုးကျော့က“မြေဆီမည်းမည်းသွီးရဲရဲ” (I Give My Life For Three) စာအုပ်နဲ့ ရရှိခစွာဖြစ်ပြီးကေ ဝတ္ထုတိုပေါင်းချုပ်ဆုကိုတော့ “ဖြောင့်ဖြောင့်စင်းစင်းဝတ္တုတိုများ” (Straight As Snake and Selected Short Stories) စာအုပ်နဲ့ မန္တလေးဇာတိ စာရေးဆရာ ကိုးရိုးကွန့်က ရရှိလားစွာ ဖြစ်ပါရေ။

စာရေးဆရာဖိုးကျော့လို့ လူသိများရေ ဦးမြင့်လွင်ရေ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ဇာတိဖြစ်ပြီး အခုဆိုကေ အသက် ၇၉ နှစ်ရှိနီပါယာ။ သူရေ ဆင်နဲ့ ပတ်သက်လာကေ ဆရာတစ်ဆူဖြစ်ပြီးကေ သူစာပီလောကထဲကို စတင်ဝင်ရောက်လာစွာလည်း “ဆင်မာန်နှင့်ငှက်ဥာဏ်” ဝတ္ထုတိုနဲ့ ဖြစ်ပါရေ။

ယင်းနောက်မှာ သူက ဆင်အကြောင်းတိကို ရှုထောင့်မျိုးစုံကရီးဖွဲ့ထားရေ “အောင်ပွဲသို့ ချီရာဝယ်” စာအုပ်နဲ့ ၁၉၇၂ ခုနှစ်မှာ အမျိုးသား စာပေဆုရခပြီးကေ ၁၉၉၀၊ ၁၉၉၂၊ ၁၉၉၃၊ ၁၉၉၆၊ ၁၉၉၉  ခုနှစ်တိမှာလည်း စာပေဗိမာန်ဆုအသီးသီးရရှိထားသူလည်း ဖြစ်ပါသိမ့်ရေ။

အခုသူဆုရရှိလားရေ စာအုပ်ကတော့ ၁၉၇၂ ခုနှစ်က ထုတ်ဝေခစွာဖြစ်ပြီး အင်္ဂလိပ်လက်ထက် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ရေနံမြေအကြောင်းကို ရေးဖွဲ့ထားစွာလို့ သိရပါရေ။  ဆရာ၏ ထင်ရှားရေ ဝတ္ထုတချို့ကတော့ မြေဆီမည်းမည်းသွးရဲရဲ၊ အောင်ပွဲသို့ ချီရာဝယ်၊ ဆင်လုပ်သား၊ ဆင်လုံမိုးလုံနဲ့ နောက်ဆုံးအဖြေ၊ ဆင်သင်္ချိုင်းရှာပုံတော်နှင့် အခြား၊ ဆင်သေကုံး၊ အင်တွဲပွဲလျှက် အရှာထွက်စရေ စာအုပ်တိ ဖြစ်ပါရေ။

မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံရို့ ပါဝင်ရေ မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံတိအတွက် ချီးမြှင့်ဖို့ မဲခေါင်စာပေဆုချီးမြှင့်ပွဲရေ ဒေနှစ်မှာဆိုကေ (၁၀) ကြိမ်မြောက်ရှိခဗျာလ် ဖြစ်ပြီး ဒေကနှစ်မှာတော့ မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပရဖို့လည်း ဖြစ်ပါရေ။

 531 total views,  1 views today