ထူး | ရိုးမရေဒီယိုမဂ္ဂဇင်း
ဒေတစ်ပတ်မှာတော့ ရခိုင်ကမ်းရိုးတန်းဒေသမှာ နီထိုင်သူတိအနေနဲ့ အချိန်အခါမရွီး၊ ဥတုရာသီမရွေးလုပ်ကိုင်စားသောက်လျှက်ရှိကတတေ ရီလုပ်ငန်းချေတစ်ခုအကြောင်းကို ပြောပြပီးချင်ပါရေ။
ဒေလုပ်ငန်းကိုတော့ ရခိုင်ပြည်နယ်အတွင်းက မြစ်၊ ချောင်းတိမှာ တော်တော်များများတွေ့မြင်ကတ်ရဖို့ ဖြစ်ပါရေ။ မြစ်လယ်၊ ချောင်းလယ်တိမှာ ဝါး ၂ လုံးထောင်ပြီးကေ ပါးစပ်ကြီးသဖွယ်ကျယ်ကားနီရေ ပုံစံမြင်းကွင်း ဖြစ်ပါတယ်။ ဒေသမှာတော့ အာထောက်ပိုက်၊ ကျားပိုက်၊ ပိုက်ကြီးစသဖြင့် ခေါ်ဝေါ်ကတ်ပါရေ။
ဒေပိုက်ကို လုပ်ရရေ ပုံစံကတော့ တစ်ခြားပိုက်တိပိုင် မဟုတ်ဘဲနဲ့ ရီထဲမှာဗျာလ် ရက်ပေါင်း ၁၀ ကျော်လောက် နစ်မြုပ်ထားရပြီး အချိန်ကျကေ လောင်းနဲ့လားပြီးဆည်ရရေ လုပ်ငန်းဖြစ်လို့ အန္တရာယ်ကြီးရေလုပ်ငန်းလည်းဖြစ်ပါရေ။ သူရို့ ဇာပုံစံမျိုးနဲ့ လုပ်ကိုင်ကတ်တေ။ ဇာပိုင်အန္တရာယ်တိ ကြုံတွေ့ကတ်ရလေ။ တစ်နိမှာ ဇာနှစ်ကြိမ်လောက် လားဆည်ရလေ။ သူတို့ ဝင်ငွေက ဘလောက်ရှိနိုင်လေစရေ အကြောင်းအရာတေိကို အခုသီတင်းပတ်မှာ တင်ပြပီးပါဖို့။
ယင်းပိုက်ချဖို့အတွက် မြစ်ထဲမှာ နေရာယူပြီး တိုင်လားစိုက်ရပါရေ။ တိုင်စိုက်ပြီးမှ ယင်းနေရာကို မြင်ရအောင် အမှတ်အသားလုပ်ခပြီး ပိုက်နဲ့ တိုင်ကို ကြိုးနဲ့ ဆက်ပြီး ရက်မလို့ခေါ်ရေ လက်လံ ၁၂ လံ၊ ၆ လံစသဖြင့် အရွယ်အစားရှိရေ ဝါးကို ပိုက်အရွယ်အစားကို လိုက်ပြီး ပိုက်ရဲ့ အထက်နဲ့အောက်မှာ ထောက်ထားရစွာပါ။ အသက် ၁၅ နှစ်သားကပင် လုပ်ကိုင်လာရေ ကိုဦးသန်းဝင်က အခုပိုင် ပြောပြပါရေ။
“ဘုတ်နဲ့လားကေ မြင်ကတ်လိမယ်။ ဝါးတိထာင်ပြီးကေလေ။ ယင်းချင့်ယေ အာထောက်ပစ်။ စစ်တွေမြစ်တိမှာ မြင်ဖူးကတ်လိမယ်။ ဖောင်တော်က ကြည့်လိုက်ကေ။ အကိုရို့မှာတောင် ငယ်သိရေ။ သူရို့မှာက ကတယ့်အကြီးသံ။ ၁၂ လံဝ၊ အကိုရို့ ဒေမြစ်မှာချစွာက ၆ လံဝ။ ယင်းပိုက်ချဖို့အတွက် မြစ်ထဲမှာ တိုင်ထိုးရရေ။ စက်နဲ့လည်း ထိုးသူထိုးရေ။ အကိုရို့မှာတော့ စက်နဲ့ထိုးရေ။ တိုင်ကို ရီထဲမှာ မြုပ်ထားလိုက်တယ်။ ဟိုဖက်တစ်လုံး။ ဒေဖက်တစ်လုံးပေါ့။ ယင်းတိုင် မြေထဲမှာဝင်လားရေ။ ဝင်လားစွာနဲ့ ကြိုးကိုအထက်က ချိုင်ရေ။ ဒေဖက်တိုင်မှာ တစ်ဖက်ချိုင်ရေ။ ဟိုဖက်တိုင်မှာ တစ်ဖက်ချိုင်။ ပြီးကေ အလယ်က ဝါး၂လုံးထောက် တယ်။ ဝါးကတော့ ၁၆ တောင် ၁၇ တောင်လောက်ပေါ့။ ရီပြင်းလာစွာနဲ့ မြုပ်လားရေ။ မြုပ်သွားကေ မမြင်ရယာ။ ဖြားတက်မှ ပေါ်လာရေ။”
ယင်းနိကတော့ ပိုက်လားဖော်ရဖို့နိ ဖြစ်ကေလေ့ ရာသီဥတုအခြေအနေ မကောင်းလို့ ရက်မဝါးကိုပိတ်ထားခရေအတွက် လားစရာမလိုယာလို့ အိမ်မှာပဲ အေးအေးဆေးဆေးအနားယူနီရင်း သူက ပြောပြစွာပါ။
ကိုဦးသန်းဝင်းကတော့ စစ်တွေမြို့နယ် အုန်းရည်ဖော်ကျေးရွာကဖြစ်ပြီး ကေ ယင်းရွာရေ စစ်တွေမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်ကို စည်းခြား ထားတဲ့ မယူမြစ်ကမ်းဘေးမှာ တည်ရှိစွာလေ့ ဖြစ်ပါရေ။ သူရို့ရွာမှာ တစ်ခြားရွာတိမှာပိုင် လယ်ယာလုပ်ငန်းလုပ်ကိုင်ဖို့ အဆင်မပြေစွာကြောင့် ရီလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကတ်ပါရေ။ ရီလုပ်ငန်းကိုလည်း စိတ်မဝင်စားရေလူတိကတော့ နိုင်ငံခြားကိုလားရောက် အလုပ်လုပ်ကတ်ရရေလို့ ပြောပါရေ။
တစ်လမှာ လဆန်းတစ်ခါ၊ လဆုတ်တစ်ခါ ၂ကြိမ်စီ ပိုက်ကိုတပ်ရပြီး တစ်ကြိမ်စီမှာ ၁၀ ရက်လောက်စီ ကြာမြင့်တတ်ပါရေ။ သူပိုက်တပ်ထားချိန်မှာတော့ ဒီရေရဲ့အလျဉ်းအတိုင်း အတက် ၂ ခါ၊ အကျ ၂ ခါ စုစုပေါင်း ၁ ရက်မှာ ၄ ကြိမ်လားဖော်ရရေလို့ ဆိုပါရေ။
“ရာသီတော့ မရွီး။ အချိန်ပြည့်ချရေ။ မုန်တိုင်းချေဘာချေရှိကေတော့ မထွက်။ ဖြားသီချိန်ဆိုစွာရှိရေ။ ဖြားအ တက်ကနည်းလာရေ။ ယင်းအချိန်ဆိုကေ ပိုက်ကိုအိမ်ထက်မှာတင်ထားရရေ။ ဇာလို့လဲဆိုကေ ယင်းအချိန်မှာက ငါးကလည်း မပါယာလေ။ ဇာလဆန်းပင်ဖြစ်ဖြစ် ၁၁ ရက်၊ ၁၂ ရက်ဆိုရင် ဖြားက ပြန်ကြီးလာယာ။ ပြန်ကြီးလာကေ ပြန်တပ်တေ။ ယင်းအချိန်ကနီ ၁၂၊ ၁၃၊ ၁၄၊ ၁၅ ၊ ပြီးရင် ၁ ရက်၊ ၂ ရက်၊ ၃၊ ၄၊ ၆၊ ၅၊ ၆၊ ၇ ရက်ဆိုကေ ဖြားက ပြန်ငယ်လာယာ။ ယင်းနိဆိုပြန်တင် အိမ်မှာနီ။ နောက်ထပ် အိမ်မှာ ၄ ၊ ၅ ရက်နီ။ နောက်ထပ် ၁၂ ရက်နိလောက်ဆိုပြန်ချရေ။ လဆန်း ၁၂ ရက်၊ လဆန်း ၁၂ ရက်ဆိုရင် ဘယ်လမဆို တပ်ယာ။ တော်သလင်းလဆုပ်ဖြစ်ဖြစ်။ တော်သလင်းလဆန်းဖြစ်ဖြစ်။ လတိုင်းလတိုင်း ယပိုင်ဗျာလ်။ ၇ ရက်၊ ၈ ရက်လောက်ဆိုတင်ယာပေါ့။ ဇာလပဲဖြစ်ဖြစ်။” လို့ သူရို့ ဘုတ်ရပ်ထားရေနရာကို လိုက်ပြရင်းနဲ့ ကိုဦးသန်းဝင်းက ပြောပါရေ။
မြန်မာလတစ်လစီရဲ့ ဇာလဆန်းဖြစ်ဖြစ်၊ ဇာလဆုတ်မှာဖြစ်ဖြစ် ၇ ရက်၊ ၈ ရက်နိလောက်ဆိုကေ ဖြားပျော့လာပြီး ငါးပါနှုန်းကလည်း နည်းလားတတ်တေအတွက် ပိုက်ကိုလည်း ရုတ်သိမ်းလေ့ရှိပါရေ။ ယင်းနောက်မှာတော့ သူရို့က တစ်ချိန်လုံးရီထဲမြှုပ်ထားရရေ ပိုက်တိရဲ့ အနာအဆာတွေကို ဖာထေးပြုပြင်ဖို့၊ အနားယူကတ်ဖို့အတွက် အချိန်ကောင်းပါ။
အသက် ၃၀ အရွယ် ကိုလင်းချေကလည်း အုန်းရည်ဖော်ရွာသားပါပဲ။ အာထောက်ပိုက် ၂ ဖောင်ကို တစ်ယောက်တည်းချပါရေ။ ရက်မကို စေ့ထားခကေလေ့ ကိုလင်းချေက အနားယူချိန်မရသေးဘဲ ငိုနီရေ နှစ်သားအရွယ်သားချေကို ထိန်းရင်းနဲ့ သူရို့လုပ်ငန်းအကြောင်းကို ရှင်းပြပါရေ။
“ကျနော်ကလေ့ ပိုက်ချပါရေ။ ကျားပိုက် ၂ လက်ချရေ။ ကျနော်ရို့က လဆန်း ၁၂ ရက်လောက်ဆိုကေ မထိုး ၈ နာရီလောက်မှာ အလုပ် စဆင်းရေ။ ၉ နာရီခွဲလောက်ပြန်ရောက်တယ်။ နောက် ၁၂ နာရီခွဲ၊ ၁ နာရီလောက် ပြန်လားရေ။ ၂ နာရီလောက် ပြန်ရောက်တယ်။ ည ဖက်ဆိုကေ ၈ နာရီလောက် ပြန်ဆင်းရေ။ ၉ နာရီလောက် ပြန်ရောက်တယ်။ ညဥ့် ၁ နာရီလောက် ပြန်ဆင်း။ ၂ နာရီလောက် ပြန် ရောက်။ တစ်ရက်မှာ အလုပ် ၄ ချိန်လုပ်ရရေ။ ကျနော်ရို့ က မယူမြစ်မှာချစွာလေ။ ဒေကနီတော့ ဝီးသိရေ။ တစ်ယောက်တည်ရား လုပ်စွာလေ။ လူတစ်ယောက်ငှားကေ အများကြီးပီးရရေ။ သူ့ကို ကျွေးမွေးရရေ။ အဆင်မပြေ။ တစ်ယောက်တည်းဆို ကိုယ့်အတွက်လည်း နည်းနည်းကျန်ရေ။ ဖြားကြီးကေ အလုပ်မဖြစ်။ ထိုင်နီရလို့ အလုပ်မလုပ်ရကေ အငှားသားငှားထားလို့ ငွေကြေးက အခက်ခဲဖြစ်တယ်လေ။”
တကယ်တော့ ပိုက်တစ်ဖောင်ကိုတောင် တစ်ယောက်တည်းလုပ်ကိုင်ဖို့ဆိုစွာ လွယ်ကူရေကိစ္စတော့ မဟုတ်ပါ။ နောက်ပြီးကေ သူရို့အလုပ်က များများလုပ်ရကေလေ့ နည်းနည်းရာရရေ လုပ်ငန်းဖြစ်လို့ သူရို့အဆင်မပြေရေ လတိမှာဆိုကေ ငွေချေးပြီးရရေအခါ ပြန်ဆပ်ရင်း ဖြတ်သန်းနီကတ်ရစွာ ဖြစ်ပါရေ။
“ဒေအချိန်ဆိုကေတော့ ငါးများများရရေအချိန်လေ။ ဆောင်းရာသီပိုင် မဟုတ်။ အခုရာသီမှာက ပိုက်တစ်ကြိမ်ချကေ ၂ သိန်း၊ ၃ သိန်း လောက်တော့ရရေ။ ယင်းငွေနဲ့ အဆင်တော့ မပြေ။ မပြေရင်ကေလည်း ပြေအောင်လုပ်ရစွာယာ။ ချေးငှားလို့လုပ်စွာယာ။ ရရေအချိန် ပြန်ဆပ်လိုက်တယ်။” လို့ ကိုလင်းချေက သူရို့အခက်ခဲတိကို ပြောပြပြန်ပါရေ။
သူရို့ ဘဝမှာ ငွေရေးကြေးရေးအဆင်မပြေမှုတိကို သာမက သဘာဝဘေးအန္တရာယ်တကိုလည်း မကြာမကြာကြုံရတတ်တယ်လို့ ကိုဦးသန်းဝင်းက သူ့လုပ်ကိုင်လာရေ သက်တမ်းတစ်လျှောက်ကြုံခရရေထဲက ဆိုးဝါး ဖြစ်ရပ်တစ်ခုကို အခုပိုင် စိတ်မကောင်းစွာနဲ့ ပြန်ပြောင်းပြောပြပါရေ။
“အကိုကတော့ အခါခါ ခံဖူးရေ။ မုန်တိုင်းတေိရှိရေလို့ ကြေညာထားကေ ဇာအချိန်မှာ မုန်တိုင်းလာမယ်ဆိုကေ အကိုရို့က အချိန်နဲ့ကိုက်ထားရေ။ နောက်ထပ်ဇာအချိန်မှာ မုန်တိုင်းလာနိုင်ရေ။ ယင်းအချိန်မကျခင် လားထားရဖို့။ ယင်းအချိန်မကျခင် အိမ် ကိုလာနိုင်ရေပါ့။ တစ်ခါတစ်လကေီလေ့ ပိုက်ဆယ်နီတုန်းတန်းလန်းနဲ့ မြစ်ထဲမှာလာလို့ မရောက်လိုက်ယာ။ တစ်ခါကဆိုရင် ပိုက်က ဝါးကို ဖြုတ်ပြီး ဝါးကိုဖက်လို့ မြှောခံလိုက်ရရေ။ ယင်းဝါးကိုရာ မဖြုတ်လိုက်ရကေ ရီပြင်းလာစွာနဲ့ ပိုက်က မြုပ်လီဖို့။ မြုပ်ရင် အကိုသီယာ။ အကိုက ဝါးကိုဖြုတ်ပြီး တစ်ညနဲ့ တစ်ရက် မြောနီခရေ။ လီငြိမ်လားမှ အိမ်ကလူတိ လောင်းနဲ့ လိုက်ရှာကတ်စွာ။”
ငါးပါနှုန်းက တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာစွာကြောင့် စီးပွားရေးအဆင် မပြေဖြစ်ရကေလေ့ အခုပိုင် မိုးရာသီမှာကတော့ သူရို့အနေနဲ့ တွက်ခြေကိုက်လို့ ဝမ်းသာနီကတ်ပါရေ။
ကိုလင်းချေက “ဒေအချိန်ဆိုကေ တစ်ကြိမ်ချကေ ၂သိန်း၊ ၃ သိန်းရရေ။ ဆောင်းရာသီဆို မရယာ။ အဓိကတော့ ပုစွန်ပေါ့လေ။ ကျန်ရေငါးတိက တန်ဖိုးမရှိ။ ပုစွန်နည်းနည်းပါလို့ ခံသာနီစွာ။ ငါးအကြီးတိလည်း အရင်ပိုင် မပါယာ။ အရင်က ငါးအကြီးသံတိ ၁ လမှာ ၁ ခါ၊ ၂ လမှာ ၁ ခါပါရေ။ အခုဆိုကေ တစ်နှစ်နီလို့တောင် တစ်ကောင်မပါယာ။ ပုစွန် ၄၊ ၅၊ ၆ ပိဿရကေ ဖဲသာ ၁ သိန်း၊ ၂ သိန်းရရေ။ ယလောက်ဗျာလ်။”လို့ ဆိုပါရေ။
ဒေပိုင် ဘဝကို ရုန်းကန်နီသူ အမျိုးသားတိရဲ့ နောက်ကွယ်မှာတော့ သူရို့ဇနီအမျိုးသမီးတိရဲ့ ကဏ္ဍကလည်း အရေးကြီးပါရေ။ လင်ယောက်ျားရို့က မြစ်ကိုလား ပိုက်ဆယ်လို့ ရောက်ကေ၊ နိခင်းမှာရောက်ရောက်၊ ညမှာပင် ရောက်ရောက် ရောက်တေအချိန်မှာဗျာလ် အမျိုးသမီးတိက အသင့်ဖြစ်နီကတ်ရပါရေ။
“ရောက်တဲ့အချိန်မှာ ထရွီးရရေ။ ယင်းအတိုင်းပုံထားလိုက်လို့ရှိကေ ပုပ်လားရေ။ ငါးကို ငါးသပ်သပ်၊ ပုစွန်ကို ပုစွန်သပ်သပ် ခွဲထားရရေ။ ငါးဆိုရင် အပါးက ရွာနားတိမှာ လားရောင်းရရေ။ ပုစွန်ဆိုကေ နီပူလို့ရှိကေ ပြုတ်တယ်။ ရွှေပုစွန်လုပ်တယ်။ မြှိုင်တကျကေ နီပူကေ လှမ်း။ မြို့ကိုလားဖို့ အချိန်မြိန်ကေလား။ လားဖို့ အချိန်မရှိကေ ဝေးပစ်လိုက်ရရေ။”လို့ ပြောလာသူကတော့ ကိုလင်းချေဇနီး မစိုးစိုးရီ ဖြစ်ပါရေ။
အုန်းရည်ဖော်ကျေးရွာသူ ဒေါ်သန်းအေးကြည်ကတော့ အချေ ၄ ယောက်အမိပါ။ သူ့အိမ်ရှင်ကတော့ လောလောစဉ် နိုင်ငံခြားကို အလုပ်လားလုပ်နီလို့ အိမ်မှာ ကျန်ခရေ အာထောက်ပိုက် ၂ ဖောင်ကို ၁၆ နှစ်အရွယ် သားနဲ့ လူတစ်ယောက်ငှားပြီး လုပ်ကိုင်နီပါရေ။ သားက ပိုက်ချလို့ရောက်လာဗျာလ်ဆိုကေ ကျန်ရေအပိုင်းတိကို သူကပဲ တာဝန်ယူလုပ်ကိုင်ရပါရေ။
ထမင်းလည်းချက်၊ တစ်နှစ်အောက်အရွယ် သားချေကိုလည်း ထိန်းရင်းနဲ့ ဒေါ်သန်းအေးက “အဆင်တော့ ဇာပြေပါဖို့လဲ။ မပြေကေလည်း အတိုးနဲ့ချီးငှားလို့ လုပ်စားနီရရေ။ ငါးတိဘာတိရာက်ကေ အချေကို ရင်ခွင်မှာတင်လို့ နောက်လက်တစ်ဖက်နဲ့ လုပ်ရရေ။ နောက်ထပ် ၂ ယောက်မှာ တစ်ယောက်ကတော့ ကျောင်းတက်တယ်။ တစ်ယောက်က အသက်မပြည့်သိမ့်။ ပိုက်တပ်စဆိုရင်တော့ ကိုယ်က ငါးတိကို ရချမ်းပြင်လားရောင်းလို့ မြိန်ရေ။ လာခါမှ ထမင်းချက်လို့ မြိန်ရေ။ နီပူရေအချိန်တိဆိုကေ မြှိုင်တိလည်း လှမ်းရကေ မအား။ လက်ဝယ်တိကို ရောင်းလိုက်တယ်။”လို့ ဘဝမှာ တခါလေ့သင့် အရှုံးပီးလီဖို့မဟုတ်ဆိုရေ အရိပ်အယောင်ပြရင်းနဲ့ ပြောပြပါရေ။
သူရို့ဘဝမှာ ဇာပိုင်ပင် အခက်ခဲကြုံကြုံ၊ ဇာပိုင်ပင် လောကဒဏ်မျိုးရင်ဆိုင်ရရ သူရို့ရဲ့ ဘဝတိကို ပီးဆပ်ရင်းနဲ့ သူရို့ သား၊ သမီးတိကို ဒေပိုင်ဘဝမျိုးက ရုန်းထွက်ဖို့ ထွက်ပေါက်ရအောင် ဆောင်ကျဉ်းပီးဖို့ ခံယူချက်ကတော့ မိဘတိုင်းမှာ ရှိနီကတ်ပါရေ။
“ပညာတတ်မှ သူရို့အနာဂတ်က လှပဖို့လေ။ အကျွန်က ပညာအခြေခံလုံးဝမရှိခ။ အကျွန်ရို့ အငယ်ကဆိုကေ ရွာမှာကလမ်း အခက်ခဲရှိရေ။ ဆရာ၊ ဆရာမတိလည်း မရောက်တေနိကများရေ။ လမ်းက ကကောင်းဆိုးလို့ပါလေ။ လောင်းတိနဲ့ လားတင်ရရေ။ တံတားလည်း မရှိသိမ့်။ ယေနန့် အကျွန်ရို့စာသင်မခရ။ ကိုယ့်သား၊ သမီးတိကိုတော့ ယင်းပိုင် ဖြစ်လားဖု့် စိုးရိမ်ရေ။ ဖြစ်အောင်လုပ်ဖို့အတွက်လည်း ဆန္ဒရှိရေ။ တတ်နိုင်သလောက်သင်ပီးမယ်။”
တကယ့်တမ်းကျကေ ပင်လယ်ထဲလားလို့ ပိုက်လုပ်ငန်းလားရောက်လုပ်ကိုင်နီကတ်တေ အမျိုးသားတိသာမက အိမ်တွင်းကနီလို့ လိုအပ်ချက် တိ ဖြည့်ဆည်းပီးနီရေ အမျိုးသမီးတိကလည်း လိုရာဘဝကိုရဖို့ အတူတူကြိုးပမ်းနီကတ်သူတိဖြစ်တေ သူရို့အားလုံးကတော့ ဘဝကို ရီဆန်ချီတက်နီသူတိပါ။
507 total views, 1 views today