Aံrakan Yoma |
ရခိုင်လူငယ်များဖွံ့ဖြိုးတိုးတက်ရေး ဦးစားပီး အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မှာ ကျင်းပခကတ်ပါရေ။
ယင်းဆွးနွေးပွဲကို ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ ဦးဆောင်ခစွာဖြစ်ပြီး လက်ရှိအစိုးရအဖွဲ့မှာ ယင်းဝန်ကြီးဌာနကို ဦးဆောင်နီရေ ရခိုင်အမျိုးသားပါတီက လူငယ်များ၏ ဖြတ်သန်းမှုနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တိမှာ လူငယ်တိ ပါဝင်ဖို့၊ အားဖြည့်ရန် လိုအပ်နီမှုအပါအဝင် လူငယ်ရို့၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဆွေးနွေးခကတ်စွာပါ။
အခုနှစ် ၂၀၁၉ စက်တင်ဘာ ၁ ရက်နိနန့် စက်တင်ဘာ ၂ ရက်နိရို့ မှာ ရန်ကုန်မြို့ရှိ ၉၉ လို့ခေါ်ရေ ဟိုတယ်တစ်ခုမှာ ပြုလုပ်ရေ ယင်းဆွးနွေးပွဲကို ရန်ကုန်နှင့် ရခိုင်ရှိ လူငယ်တိက တက်ရောက်ခကတ်ပါရေ။
“ဒေပိုင်မျိုးအလုပ်ရုံဆွေးနွေးပွဲကတော့ ရခိုင်လူငယ်တိအတွက် အများကြီးကောင်းပါရေ။ လူငယ်တိရေ တိုင်းပြည်နယ်တည်ဆောက် ရေးကာလမှာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အခန်းကဏ္ဍအနီနဲ့ ပါဝင်လာဖို့ဖြစ်တေအတွက် ဒေပိုင်မျိုးစွမ်းရည်မြှင့်သင်တန်းတိပီးစွာက ကျနော်ရို့ ပိုင် လူငယ်တိအတွက် အများကြီး အကျိုးရှိပါရေ။”လို့ ရခိုင်အမျိုးသားပါတီလူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တေ ကိုဆန်းဌေး မောင်က ပြောပါရေ။
ယင်းပိုင် ရခိုင်လူငယ်တိအတွက် ရည်ရွယ်ပြီး ပြုလုပ်တေ အလုပ်ရုံဆွေးနွေးပွဲတိကို ရန်ကုန်မှာ မဟုတ်ဘဲ ရခိုင်ပြည်နယ်အတွင်းမှာရာ ပြုလုပ်ကေ ရခိုင်လူငယ်တိအနေနဲ့ ပိုလို့ အဆင်ပြေနိုင်ပြီး ရန်ကုန်သို့ လာတက်ရရေအတွက် အခက်အခဲတိများကြောင်း၊ ရခိုင်ပြည်နယ် အတွင်းပြုလုပ်လျှင် ပိုမိုထိရောက်မှုရှိမည်ဖြစ်ကြောင်း ပြောဆိုကတ်ပါရေ။
အခမ်းအနားမှာ အဆိုပါတိုင်းဒေသကြီးအစိုးရအဖွဲ့က ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်အပါအဝင် ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တိဖြစ်ကတ်တေ ဦးဦးလှစော၊ ဦးသာထွန်းလှရို့အပါအဝင် ရခိုင်အမျိုးသားပါတီလူငယ်အဖွဲ့က လူငယ်ခေါင်းဆောင်တိနန့် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ကိုယ်စားပြုလူငယ်တိ၊ ကျောင်းသားသမ္မဂအဖွဲ့ဝင်တိလည်း တက်ရောက်ခကတ်ပါရေ။
447 total views, 1 views today