ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

စစ်တွေမြို့က ရေချမ်းပြင်နဲ့ ပါဒလိတ် လမ်းခွဲဆုံရာ ဗန္ဒုလခွဆုံ အနီးတဝိုက်မှာ ကယ်ရီသမားတိအပြင် မုန့်ပဲသရေစာတိနဲ့ ရာသီပေါ်သီးနှံ့တစ်ချို့ လာရောက်ရောင်းချသူတ၏ မြင်ကွင်းတိကို ဒေသတွင်းခရီးသွားတိ၊ ဧည့်သည်တိအနေနဲ့ကတော့ ခါတိုင်းပိုင် မြင်တွိ့မိကတ်ပါဖို့။

အထူးသဖြင့် ပွင့်လင်းရာသီတိမှာ ရောင်းချကတ်စွာဖြစ်ပြီးကေ အခုပိုင် ဆိုးဝါးလှရေ မိုးရာသီမှာတော့ကေ လာရောက်ရောင်းချသူ မရှိသလောက် ရှားပါရေ။ ယကေလေ့ တစ်ချို့ကတော့ မဖြစ်မနီ လာရောက်ရောင်းချကတ်ရပါရေ။ ဒေတစ်ပတ်မှာတော့ ယင်းလာရောက်ရောင်းချသူတိရေဇာဒေသကဖြစ်ပြီးကေ ဇာသူတိလဲ။ ဇာကြောင့်ရောင်းချနီကတ်ရစွာလဲ။ တစ်ရက်မှာ ဝင်ငွေဇာလာက်ရရှိကတ်လဲ။ စစွာတိကို တင်ဆက်ပီးချင်ပါရေ။

သူရို့တိကတော့ ထမ်းပိုးတိကိုယ်စီနဲ့ ငါးခြောက်ထမ်းရောင်းနီကတ်တေ စစ်တွေမြို့နယ် သက္ကယ်ပြင်၊ ဒါးပိုင်စရေ ကယ်ဆယ်ရေးစခန်းတိမှာ နီထိုင်ကတ်တေ မူဆလင်ဒုက္ခသည်တိ ဖြစ်ပါရေ။

ယင်းပိုင်ရောင်းချနီရေအထဲမှာ သက္ကယ်ပြင်ကယ်ဆယ်ရေးစခန်းက အသက် ၃၁ နှစ်အရွယ် ကိုဂျာမာလိုစောလည်း ပါဝင်ပါရေ။

ခါးမှာအသင့်ထိုးပြီးပါလာရေ ခပ်နွမ်းနွမ်းမိုးကာအဖြူထည်ကို “ဖြန်း”ခနဲမြည်အောင် တစ်ချက်ခါလိုက်ပနာ သူရောက်ရှိနီရေ ကုက္ကိုယ်ပင် အောက်မှာ ခင်းထိုင်လိုက်ရင်းနဲ့ သူက “ကျနော်ရောင်းလာစွာ ၂ နှစ်ကျော် ၃ နှစ်လောက်ရှိပါယာ။ ကျနော်ရို့က ၁၀ လပိုင်းဆိုကေ ငါး ခြောက်ရောင်းဖို့ဆင်းပါရေ။ ယင်းအချိန်မှ ရောင်းအားကောင်းရေ။ ငါးမရောင်းရကေလည်း အခုက အလုပ်မရှိဖြစ်နီလို့ နည်းနည်း ရောင်းရကေ အိမ်မှာစားသောက်ဖို့ အဆင်မပြေလားဆိုပြီးကေ လာရောင်းနီစွာ။ ဒေပိုင်မှ မဟုတ်ကေ နောက်ထပ်က မရှိယာလေ။ အခုက ငါးအချိန်လည်း မဟုတ်။ အချိန်မဟုတ်ရင်လေ့ ကျနော်ရို့မှာ ရောင်းနီရရေ။” လို့ စိတ်ညစ်ညစ်နဲ့ ပြောပြပါရေ။ 

တကယ်တမ်းကျတော့ ကိုဂျာမာလိုစောရို့စွာ ပွင့်လင်းရာသီရောက်လို့ ရခိုင်ရို့ ဘာသာရေး၊ လူမှုရေးစရေ ပွဲလမ်းသဘင်တိ ကျင်းပချိန်ကျမှ ရောင်းလေ့ရှိကတ်စွာပါ။ ယကေလေ့ သူရို့မှာတော့ တစ်ခြားရွေးချယ်စရာအလုပ်အကိုင်ဆိုလို့ တခုလေ့မရှိဖြစ်လို့ ရောင်းအားနည်းကေလေ့ ရာသီမရွီး၊ အချိန်မရွီး ရောင်းချနီကတ်ရစွာလို့ ဆိုပါရေ။

“၁၀ လပိုင်းမှာ ပွဲတက်သမားတိ၊ ရှင်ပြုပွဲတိအတွက်ဝယ်ကတ်လို့ ယင်းအချိန်မှ ငါးရောင်းကောင်းရေ။ အခုတော့ ရှင်ပြုသမားလည်းမရှိ ပွဲလည်းမရှိတော့ မရောင်းရလေ။ လမ်းက ဆိုင်ကယ်နဲ့လားရေ။ သုံးဘီးနဲ့လားရေ။ ကားနဲ့လားရေ။ သူရို့က ငါးတစ်ခုလိုရင် ဒေနားမှာဆင်းရေ။ ကျနော်တို့ကိုခေါ်ရေ။ ငါးတစ်ကောင်ဘေ လာက်လဲပေါ့။ ကျနော့်မှာ ငါးတစ်တွဲ ၇ ထောင်ရောင်းဖို့ရှိပါရေ။ ဆိုကေတော့ ၁ သောင်းပြောထားရရေ။ ၇ ထောင်ပြောကေ ၇ ထောင်နဲ့ တယောက်လေ့ မဝယ်။ သူရို့နဲ့ ကျနော်ရို့နဲ့ ကြိုက်ကေ ရောင်းလိုက်က တ်တယ်။”

အခုပိုင် ရောင်းချနီကတ်တယ်ဆိုကေလည်း ငါးတိစွာ သူရို့ကိုယ်ပိုင်ပစ္စည်းတိ မဟုတ်ဘဲ ငါးပွဲစားတိ၊ ပိုင်ရှင်တိပါးမှာ အငှားခံ ရောင်းကြရစွာဖြစ်ပြီးကေ ရောင်းရရေ အပေါ်မှာမူတည်ပြီး နေ့တွက်ရကတ်ပါရေ။

“မထိုး ၈ နာရီမှာ လာရေ။ ညနေ ၆ နာရီမှ ပြန်ရေ။ ရောင်းရရေနိလည်း ရှိရေ။ မရောင်းရတဲ့နေ့လည်း ရှိပေါ့။ ၁ သိန်းဖိုး ရောင်းရမှ ၆ ထောင်ရရေ။ ကျနော်ရို့က ကိုယ်တိုင်လုပ်စွာက မဟုတ်။ အငှားလာစွာပေါ့။ မရောင်းကေ မရ။ ၅ သောင်း ဖိုးရောင်းရကေ ၃ ထောင်ရပါရေ။ ကျနော်ရို့က ယင်းပိုင်လာနီစွာ။ ဒေအလုပ်ပဲရှိလေ။ တစ်ခြားဇာအလုပ်လေ့ မရှိ။”လို့ ငါးထမ်းပိုးကို ကားလမ်းဘေးက တွိ့ရာသစ်ပင်တစ်ပင်မှာ ဆွဲချည်ရင်းနဲ့ တစ်ဖက်စောင်းလှည့်ဗျာလ်ရင်ဖွင့်လာသူကတော့ ကိုဂျာမာလိုစောနဲ့ ဘဝတူ ကိုမာမောက်အစ္စမဲလ်ပါ။ သူကတော့ ကိုဂျာမာလိုစောထက် ၄ နှစ်ငယ်ကေလေ့ ရုန်းကန်နေရစွာချင်းကတော့ အတူတူပါ။

ဒေပိုင်ရုန်းကန်နီကတ်ရရေ သူရို့ဘဝတိထဲကို နားလည်းသနားပြီး အားပီးတတ်သူတိ ရှိရေပိုင် တစ်ခါတစ်လေမှာဆိုကေလည်း တစ်ချို့သောလမ်း၊ သွားလမ်းလာတိရဲ့ ခြိမ်းခြောက်၊ အနိုင်ကျင့်မှုတိကိုလည်း ခံကတ်ရပါရေ။ ယင်းအကြောင်းကို ကိုမာမောက်အစ္စမဲလ်က အခုပိုင် ပြောပြပြန်ပါရေ။

“ကျနော်က ဂေါက်ကွင်းဖက်မှာလည်း လားရောင်းရေ။ ယင်းဖက်မှာ ဓါးပြတိုက်လာတိုက်တေလူတိရှိရေ။ ဖဲသာကို လက်ထဲပိုက်ပြီးကေ ငါးတစ်တွဲဝယ်ရေ။ ပြီးကေ ဖဲသာမပီးဘဲ လှည့်ပြန်လားကတ်တေ။ ယပိုင် လုပ်ခါလည်း ရှိရေ။ ယပိုင် မလုပ်စွာတိလည်းရှိရေ။ ဖဲသာမပီးဘဲ ပြန်လားကတ်စွာက အများကြီးရှိရေ။ နောက်ပြီးကေ ဓားတိပြရေ။ ဖဲသာတောင်းကေ ဓား နဲ့ ထိုးဖို့။ ယင်းပိုင် ပြောစာလည်း ရှိရေ။ သူရို့က ယူပြီးတော့ ပြန်သွားကတ်တယ်။ ကျနော်ရို့မှာ ပိုင်ရှင်တိကို လျော်ပီးရရေ။”

စစ်တွေမြို့မှာ လွန်ခရေ ၇ နှစ်လောက်ကတော့ လူမျိုးပေါင်းစုံ ရောယှက်နေထိုင်ခဲ့ကြပါရေ။ ယကေလေ့၂၀၁၂ ခုနှစ်နောက်ပိုင်းမှာတော့ အစိုးရက မြို့နဲ့ခပ်လှမ်းလှမ်းနေရာတိမှာ နေအိမ်တိဆောက်လုပ်ပေးပြီး  မူဆလင်တိကို သီးခြားနေရာချပေးခပါရေ။ တပြိုင်နက် တည်းမှာပဲ ရခိုင်ပြည်နယ်အတွင်းက မူဆလင်တိစာာ လွတ်လပ်စွာ သွားလာခွင့်တွေကိုလည်း ပိတ်ပင်ခံခကတ်ရစွာပါ။

“ကယ်ဆယ်ရေးက တစ်လမှာ ဆန်ရရေ။ လူတစ်ယောက်စာ ဆန် ၃ (၁၂ ပြည်) သစ်ရပါရေ။ ဆီတစ်ပုလင်းရပါတယ်။ ပဲစိ ၇ ပြည် ရပါရေ။ သား၊ သမီး ကျောင်းတစ်ရက်တစ်ရက်ကို မုန့်စရိတ်အဖြစ် ကျပ် ၇၀၀ ပေးရရေ။  တစ်ရက်မှာ မုန့်စရိတ် ၁၅၀၀၊ ၁၈၀၀ ရာ ကုန်တယ်။ ကျနော်ဒီမှာလာလို့ တစ်ရက်လုံးလုပ်လို့ ပိုက်ဆံ ၁ ထောင်ရတယ်။ ၁ ထောင်နဲ့  မုန့်စရိတ်တောင် မရဘူး။ မရရင်လည်း ဒေမှာပဲ လုပ်နီရရေ။ နောက်ထပ်အလုပ်မရှိလိုက်ယာ။” လို့ ကိုဂျာမာလိုစောက ပြောပါရေ။

လက်ရှိမှာလည်း သူရို့စာ မြိုပေါ်မြို့ထဲကို လားရောက်ခွင့်မရှိဘဲနဲ့ မြို့ပြင်က ကားလမ်းမတိမှာရာ ရောင်းချနေကြရပြီးကေ သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးနေစွာလည်း အခုပိုင် ကန့်သတ်ခံထားရစွာကြောင့်လို့ ယူဆကတ်ပါရေ။

ကိုဂျာမာလိုစောမှာ သားသမီး ၄ ဦးရှိနေပြီးကေ ဖခင်တစ်ဦး ရှိပါတယ်။ သူ့အိမ်ရှင်မနဲ့ပါ ထည့်တွက်မယ်ဆိုကေ မိသားစုဝင်က စုစုပေါင်း ၇ ဦးဆိုရပါဖို့။ အရင်က သူရို့မိသားစုစွာ စစ်တွေမြို့ထဲမှာ ဈီးဆိုင်ရောင်းခကတ်ပါရေ။ ယင်းခါကဆိုကေ တစ်ခုမကောင်းကေ နောက်အလုပ်တစ်ခုကို ပြောင်းကေလည်း စားဝတ်နေရေး လုံလောက်မှုရှိအောင် ထိန်းထားနိုင်ပါသိရယ်လို့ ဆိုပါရေ။ ယကေလေ့ ခုချိန်မှာတော့ ဒေအလုပ်က သူရို့မိသားစုကို အရင်ကလောက် အဆင်မပြေစီပါယာ။

ဇာပိုင်အခက်တိပဲ ကြုံနေပါစီ သား၊ သမီးတကို ပညာတတ်အောင် သင်းလားမယ်ဆိုရေ ခံယူချက်ကတော့ သူရို့ ၂ ဦးလုံးမှာ ရှိနီပါရေ။

“ကျနော်ရို့ မတက်ခရရေအတွက် သား၊ သမီးကို သင်ရရေ။ ကျနော်ရို့ မတက်ခရလို့ အခုပိုင် အလုပ်လုပ်ရ။ သား၊ သမီးတွေကို ဒေအလုပ်တိကို မလုပ်စီချင်ယာ။”လို့ ကိုဂျာမာလိုစောက ပြောပါရေ။

ကိုမာမောက်အစ္စမဲလ်ကလည်း “၇ နှစ်တစ်ယောက်ရှိရေ။ သူလည်းတက်တယ်။ ၅ နှစ်တစ်ယောက်လည်း တက်တယ်။ သူရို့တိကိုလည်း လခပေးရတယ်။ တစ်ယောက်ကို ၁ ထောင်။ ၂ ထောင်ကျပေးရတယ်။ ကျောင်းမှာက ဖဲသာမကုန်။ ညကျောင်းတက်စွာပဲ ပေးရစွာလေ။ အခုဆိုကေ ၂ လအတွက် ဖဲသာမပေးရသိ။ ဖဲသာမရှိသိလို့။ ရစွာနဲ့ပီးလိုက်မယ်။”လို့ ဆိုပါရေ။

သမုဒ္ဒရာဝမ်းတစ်ထွာအတွက် လမ်းမပေါ်ထက်မှာဗျာလ် တစ်သက်တာလုံး အချိန်မကုန်ဆုံးချင်ပဲ ဇာခါမှာများ လွတ်လပ်စွာ ရှာဖွေစား သောက်ခွင့်ရဖို့လဲဆိုရေ ဆန္ဒကတော့ ကိုမာမောက်အစ္စမဲလ်ရော ကိုဂျာမာလိုစောကပါ တောင့်တနေတဲ့ မျှော်လင့်ချက်တစ်ခု ဆိုလည်း မမှားပါ။

 460 total views,  1 views today