Arakan Yoma |
၂၀၁၉ ခုနှစ်၊ သြဂုတ်လတစ်လလုံးကို ရက်သတ္တပတ် ၄ ခုခွဲပနာ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းတိ တိုးမြှင့်ဆောင်ရွက်နီကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူတိက ပြောပါရေ။
ပြီးခရေ သြဂုတ်လ ၁၁ ရက်နိက ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမှာ ပြုလုပ်တေ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နဲ့ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လူထုလှုပ်ရှားမှု ပြည်နယ်အဆင့်ဖွင့်ပွဲ အခမ်းအနားမှာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌန၊ အာဟာရဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခိုင်နှင်းဝေက မီဒီယာတိကို ပြောဆိုခစွာ ဖြစ်ပါရေ။
“အကျွန်ရို့ ပုံမှန်ကတော့ တစ်နှစ်လုံး စီမံချက် ၅ ခုလုံးရဲ့  လုပ်ငန်းတွေကို စီစဉ်ဆောင်ရွက်လျက်ရှိပါရေ။ သြဂတ်စ်လမှာတော့ တိုးမြှင့်ရေ အနေနဲ့ သြဂတ်စ်လကို ရက်သတ္တပတ် ၄ ခုခွဲပြီးကေ ဆောင်ရွက်ပါရေ။ ပထမရက်သတ္တပတ်ကတော့ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်ပေါ့။ ဒုတိယရက်သတ္တပတ်ကတော့ ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်ပါ။ တတိယရက်သတ္တပတ် ကကျတော့ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်ပါ။ နောက်ဆုံးရက်သတ္တပတ်ကတော့ အိုင်အိုဒင်းဓာတ် ချို့တဲ့မှုပပျောက်ရေးနဲ့ အစားအစာက အဏုအာဟာရဖြည့်စွက်ရေး ရက်သတ္တပတ်ဆိုပြီးကေ ၄ ပတ်ခွဲပြီးကေ လှုပ်ရှားဆောင်ရွက်ပါရေ”
ရခိုင်ပြည်နယ်မှာ အိုင်အိုဒင်းဓာတ်နှင့် သံဓာတ်ချို့တဲ့ပြီးကေ သွီးအားနည်းရေ ရောဂါဖြစ်ပွားမှုနှုန်း အများဆုံးဖြစ်နီကြောင်းလည်း ၎င်းက ပြောဆိုခပါရေ။ ယေတွက်နန့် ယင်းပိုင်အာဟာရဓာတ်တိ ပြည့်ဝစီဖို့ ပြည်သူလူထုက ဇာပုံစံ လိုက်နာကျင်သုံးပြီးကေ ဇာအစားအစာတိကို စားသုံးသင့်ကြောင်း အဆိုပါ အခမ်းအနားမှာ ဟောပြောပို့ချမှုတိ၊ ပိုစတာနဲ့ အသိပညာပေးခြင်းတိအပြင် လက်တွေ့ အာဟာရတိုက်ကျွေးမှုတိလေ့လ ပြုလုပ်ခကတ်ပါရေ။
“အခုဒေပိုင်မျိုးပွဲကို တက်လိုက်ရရေအခါမှာ အကျွန်ရို့အချေတိကိုလေ့ ဗီတာမင်ဆီးပြားတိုက်ကျွေးရေပေါ့။ ပြီးတော့ ဒေကပြော ဟောစွာတိကိုလေ့ ကြားသိလိုက်ရရေ။ အချေတိ အရပ်ပုစွာ၊ ပိန်စွာ၊ စရေရာခိုင်နှုန်းအခြေအနေချေတိကို သိလိုက်ရပါရေ။”လို့ တက်ရောက်လာရေ စစ်တွေမြို့က အချေမိခင်တစ်ဦးက ဆိုပါရေ။
အဆိုပါ အခမ်းအနားကို ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူတိအပြင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတ်၊ လွှတ်တော်တာဝန်ရှိသူတိ၊ ဌာနဆိုင်ရာတိ၊ ဖိတ်ကြားထားရေ ကိုယ်ဝန်ဆောင်နဲ့ အချေမိခင်တိနဲ့ ကျောင်းသူကျောင်းသားတိတက်ရောက်ခကတ်ပါရေ။
၂၀၁၅ -၂၀၁၆ မှာ ကောက်ယူရရှိထားရေ စစ်တမ်းအရ ရခိုင်ပြည်နယ်၏ ၅ နှစ်အောက်အချေ ၃၈ ရာခိုင်နှုန်းမှာ အရပ်ပုနီပြီးကေ၂၄ ရာခိုင်နှုန်းမှာ အပိန်လွန်နီပနာ ၃၂ ရာခိုင်နှုန်းမှာ ကိုယ်အလီးချိန် မပြည့်ကြောင်း သိရပါရေ။
ယင်းအပြင် ၂၀၁၇ -၂၀၁၈ ခုနှစ်မှာ ပြုစုထားရေ စစ်တမ်းထဲမာလေ့ ရခိုင်ပြည်နယ်က ၅ နှစ်အောက်အချေ ၅၂ ရာခိုင်နှုန်း၊ ၅ နှစ်က ၁၀ နှစ်အထိ အချေ၏ ၆၅ ဒသမ ၃ ရာခိုင်နှုန်း၊ ၁၀ နှစ်က ၁၅ နှစ်အောက် ပျိုဖော်ဝင်မမချေရဲ့ ၅၀ ဒသမ ၆ ရာခိုင်နှုန်း၊ ကိုယ်ဝန်ဆောင်မိခင်၏ ၃၉ ဒသမ ၇ ရာခိုင်နှုန်း၊ နို့တိုက်မိခင် ၃၇ ဒသမ ၅ ရာခိုင်နှုန်းနဲ့ အသက် ၁၅ နှစ်မှ ၅၀ နှစ်အောက် အမျိုးသမီး ၄၉ ဒသမ ၁ ရာခိုင်နှုန်းရို့မှာ သွီးအားနည်းသူတိ ဖြစ်နီကြောင်း သိရှိရပါရေ။
458 total views, 1 views today