ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကနီ ရချမ်းပြင်ကားလမ်းမအတိုင်း မိနစ် ၂၀ လောက်လားကေ ပြည်နယ်လွှတ်တော်ကို မရောက်ခင် အောင် မင်္ဂလာရပ်ကွက်လမ်းထိပ်မှာ “ဝါးတဲ” ဆိုရေအကင်ဆိုင်တစ်ဆိုင်ရှိပါရေ။ ယင်းဆိုင်ချေစွာ အချိန်တိုအတွင်းမှာ နာမည်ရလာခပြီးကေ စစ်တွေမြို့ထက်မှာ နီထိုင်လူတိအဖို့ အပန်းဖြေရာ စိတ်ထွက်ပေါက်တစ်ခုဖြစ်လာခပါရေ။
“ခုံ ၄ ခုံနဲ့ စခစွာ။ အစတည်းကပင် ကားရီဆီးခုံလုပ်တေအခါကျကေ တဲကရှိပြီးသား။ တဲရှိပြီးသားဆိုခါ စစချင်းမှာဗျာလ် အလုပ်က အကျိုးဖြစ်တယ်လို့ ပြောရဖို့။ ပထမ ၁ ရက်၊ ၂ ရက်မှာတောင် ရောင်းရရေပေါ့။ ထိုင်းမှာဆိုလို့ရှိကေ ညပိုင်း ၄ နာရီနောက်ပိုင်း မှ ဒေအစားစာစားကတ်စွာ။ ယင်းခါကျကေ ဒေမှာ ၃ နာရီလောက်မှ ကိုယ်က ဖွင့်ဖို့ပေါ့။ ယကေလေ့ ၂ နာရီလောက် စပြီးကေရောင်းရေ။ ရောင်းရေ အချိန်မှာ အလုပ်က မနိုင်ဖြစ်တယ်။ စားရေလူတိက သူ့စွာနဲ့သူ သိလားရေ။ ကိုယ်ကြော်ငြာစွာတောင် မဟုတ်။”
သူကတော့ကေ ဝါးတဲအကင်လုပ်ငန်းကို ဦးစီးဦးဆောင်လုပ်နီရေ အသက် ၅၀ အရွယ် ဒေါ်သန်းသန်းနွယ် ဖြစ်ပါရေ။ ခင်ပွန်းဖြစ်သူနဲ့အ တူ ထိုင်းနိုင်ငံမှာ လားရောက်နီထိုင်စဉ်မှာ ဒေပိုင်မျိုးအစားသောက်တိကို စားသောက်ရင်းနဲ့ သင်ယူခစွာလို့ ဆိုပါရေ။
“အသားမှန်သမျှဆိုကေတော့ ကြက်သား၊ ဝက်သား၊ အမဲသားပေါ့။ နောက်ပြီးကေ ဝက်လျှာထည့်ထားရေ။ ပုဇွန်ထည့်ရေ။ ရကြက်ထည့်ရေ။ နောက် ငါးအသားပြားထည့်ရေ။ ငါးအသားပြားက ငါးတန်ရာသုံးရေ။ တစ်ခြားငါးတိက အဆင်မပြေလေသုံးလို့။ ယင်းတွက်နဲ့ ငါးတန်သုံးရေ။ ငါးတန်ကျကေ အသားပြားထုတ်လို့ကောင်းရေ။ နောက် ငါးဆုပ်ကျကေ ငါးညို့တစ်မျိုးတည်းရာသုံးရေ။ ကျန်စွာကကျကေ ကြက်သားလုံး၊ ဝက်သားလုံးတိ ကိုယ်တိုင်လုပ်ပါရေ။ နောက်ပြီး ဝါးတဲအထူးကြက်ကြော်ဆိုပြီးတော့ အရီးကလုပ်စွာ။ ကိုယ်ကလည်း အရသာရှိအောင် လုပ်ရေလေ။ အရီးဆိုင်မှာ ရနိုင်ရေအရာတိပေါ့။ လာစားရေလူတိက တောင်းဆိုကတ်တယ်။ အသုပ်တောင်းဆိုရေ။ ကြက်ခထောက်အရည်ခွံသုပ်က နိုင်ငံခြားမှာဆိုကေတော့ Ready Made သုံးရေ။ ယကေလေ့ အရီးက မသုံး။ ကိုယ်တိုင်ကို ကြက်ခထောက်အရည်ခွံထုတ်တယ်။ နောက် ဝက်ခေါက်သုပ်၊ ခရမ်းချိုင်သီးသုပ်၊ ဆီးဘဲဥသုပ် ဒေချင်တိကျကေ ဒေကစတိုင်နဲ့ မသုပ်။ ယကေလေ့ ဒေကအရသာကိုထည့်ရေ။ ဟိုကပုံစံနဲ့သုပ်တယ်။ အရသာချင်းတော့ မတူ။ ယပိုင်မျိုးသုံးထားရေ။ တစ်ခုရောင်းယာဆိုကေ အရီးက ယင်းတစ်ခုကို အရင်ဆုံးစားကြည့်ရေ။ ဒေကလူတိကလေ အချိုင်အစပ်အရသာသုံးရေ။ ငပိစားရေလူတိဖြစ်လို့ လလီးပပင်ကြိုက်တယ်။ ယင်းအတွက်ကို ဒေအရပ်၊ ဒေဒေသနဲ့လိုက်အောင် အရီးက သုံးရရေ။”
ဇာပင်လုပ်လုပ်အကောင်းဆုံးလုပ်ဖို့ဆိုရေ စိတ်ဓာတ်ကို လက်ကိုင်ထားရေ ဒေါ်သန်းသန်းနွယ်၏ ခံယူချက်တိကြောင့် အကင်ဆိုင်ချေစွာ နိချင်းရက်ချင်းနဲ့ စစ်တွေမြို့သားရို့၏ ကြိုက်နှစ်သက်ခြင်း ခံခရပြီးကေ ညနီဖက်မှာရာရောင်းရေ ယင်းဆိုင်ကို တစ်နီကုန်ဖွင့်ရေဆိုင် အဖြစ် တဖြည်းဖြည်းတိုးချဲ့လုပ်ကိုင်ခရပါရေ။
“ကြားရက်တိမှာဆိုကေ ပျော်ဖို့ကောင်းပါရေ။ ဂစ်တာတိနဲ့လာရေ။ သူငယ်ချင်းတိအုပ်စုလိုက် တေးချင်းတိအော်ဟစ်ဆို ကတ်တယ်။ မွေးနေ့လုပ်ကတ်တယ်။ ဒေမှာက နေရာလည်းအကျယ်အဝန်းရှိရေ။ သူရို့အတွက်လေ့ လွတ်လွတ်လပ်လပ်ရှိရေဆိုခါ ယင်းပိုင်မျိုးလာပြီးကေ လုပ်စွာများရေ။ စနီ၊ တနင်္ဂနွီမှာဆိုကေတော့ နည်းနည်းရောင်းရရေ။ အုပ်စုလိုက်တော့လာကတ်တယ်။ မွေးနေ့တိကတော့ နည်းလားရေ။”
ထိုင်းနိုင်ငံမှာ ဖူးစာဆုံခကတ်တေ ရန်ကုန်သူနဲ့ စစ်တွေသားရို့ နှစ်ယောက်စွာ လက်ထပ်လို့ပြီးရေ နောက်ပိုင်းမှာတော့ သားချေတစ် ယောက်ရလာစွာကြောင့် သူ၏အနာဂတ်အတွက်ဆိုပြီးကေ မြန်မာနိုင်ငံကို လှည့်ပြန်လာခကတ်စွာ ဖြစ်ပါရေ။ ပြန်လာကတ်ပြီးရေ နောက်ပိုင်းမှာတော့ ရန်ကုန်မှာဗျာလ် သူရို့ကျွမ်းကျင်ရေ လုပ်ငန်းတစ်ချို့ကို လုပ်ကိုင်ခကတ်ပါသိရေ။
နောက်ပိုင်းမှာတော့ ရန်ကုန်သူ ဒေါ်သန်းသန်းနွယ်စွာ ခင်ပွန်းသည်၏ လိုအင်ဆန္ဒကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ရောက်ရှိလာခ ရပါရေ။ ယင်းမှာ သူရို့နှစ်ယောက်စွာ ကားရီဆီးလုပ်ငန်းချေတစ်ခုကို ထူထောင်လုပ်ကိုင်ခကတ်ပါရေ။ လုပ်နီရင်းနဲ့ အခက်ခဲတစ် ချို့ကြောင့် ယင်းလုပ်ငန်းကိုရပ်ပြီးကေ အကင်ရောင်းချရေလုပ်ငန်းကို တစ်ပိုင်တစ်နိုင်ချေ စတင်ခကတ်စွာပါ။
ယင်းခါက ဆိုင်မှာနာမည်လေ့ မရှိခသိမ့်ပါ။ ယကေလေ့ယင်းနောက်မှာတော့ ဝါးတဲလို့ နားမည်ပီးဖြစ်ခရေအကြောင်းကိုလေ့ အခုပိုင် ပြောပြပါရေ။
“ဝါးတဲဆိုရေ ဆိုင်ချေကို မရို့ နာမေပီးရစွာက စစတုန်းက ကားရီဆီးခုံလုပ်ခါ ဝါးတဲချေဆောက်ထားရေ။ ဝါးတဲချေမှာက ကားရီဆီးဖို့လာကတ်ကေ နားဖို့။ ကိုယ်တိုင်ကလေ့ ဒေနားမှာ နားနားနေနေ အရိပ်ချေတစ်ခုပေါ့။ ယင်းပိုင်နဲ့ ဝါးတဲရုံတစ်ရုံ ဆောက်ထားပါရေ။ လာစားရေ လူမှန်သမျှက ကိုယ့်နာမေလေ့ သိစွာမဟုတ်။ အိမ်ရှင်နာမေလေ့ သိစွာမဟုတ်။ ရချမ်းပြင်လားရေလမ်း ဆိုစွာရာသိကတ်တယ်။ သူရို့က အကင်ဆိုင်ကို ဝါးတဲချေနားကိုရောက်ကေရယာ။ ယပိုင်နဲ့ ဝါးတဲလို့ နာမေပီးဖြစ်စွာ။”
နှစ်ယောက်တစ်ဘဝကို ထူထောင်လို့ အောင်မြင်ခြင်း၏ အရသာတိကို စလို့တောင် မခံစားရသိရေအချိန်မှာဗျာလ် ဒေါ်သန်းသန်းနွယ်နဲ့ လူမမည်သိရေ သားငယ်ချေရို့ဘဝကို အဆိုးရွားဆုံးသော မုန်တိုင်းတစ်ခုဝင်လာခပါရေ။ ဒေချင့်က ခင်ပွန်းဖြစ်သူ လူ့လောကထဲက စွန့် ခွာလားခြင်းပါ။
“မမအိမ်ရှင်က ဆုံးလားယာလေ။ တစ်နှစ်ပြည့်ဖို့ယာ။ နှစ်ယောက်က အလုပ်လုပ်နီရင်းနဲ့ပေါ့။ တက်ညီလက်ညီလုပ်တယ်။ ကြိုးကြိုးစားစားအလုပ်လုပ်ကတ်တယ်။ ကိုယ့်၏ရည်မှန်းချက်တိနဲ့ပေါ့။ ဒေပိုင်လုပ်လာရေအခါမှာ အိမ်ရှင်က သူကျိုက်ထီးရိုးသွားချင်ရေ ဆိုလို့ မမက ကျိုက်ထီးရိုးကို ပို့လိုက်စွာ။ ယင်းမှာ သူကရှက်တတ်လို့ လမ်းမှာ အိမ်သာမတက်စွာကနီ ဖြစ်လားစွာ။”လို့ လည်း ဝမ်းနည်းစွာနဲ့ ပြောပြပြန်ပါရေ။
ဆက်လက်ပြီးကေ သူမက “ကိုယ့်အမျိုးသား မရှိရေအတွက် နှစ်ခေါင်းနီရာမှာ တစ်ခေါင်းပဲသုံးနီရရေ။ ယပိုင်မျိုးရှိရေ။ တစ်ယောက်တည်း ရုန်းကန်နီရရေ။ ယကေလေ့ အခက်ခဲမရှိဆိုစွာက ရအောင်ဖြေရှင်းလားရေ။ ကောင်းကြီးတော့ အထစ်အငေါ့တော့ မရှိလေ။ အလုပ်သမားပြဿနာတစ်ခုရှိရေ။ ယင်းချင့်ကို ဇာပိုင်လုပ်ကေ ဇာပိုင်အဆင်ပြေဖို့လည်း စဉ်းစားပြီးကေလုပ်တယ်။” လို့ ဆိုပါတယ်။
အမျိုးသားနဲ့တတူ တက်ညီလက်ညီနဲ့ ဘဝကိုရုန်းကန်နီချိန်မှာ လုပ်ငန်းတိကို တတ်နိုင်သလောက် တိုးချဲ့လုပ်ကိုင်ဖို့ဆိုစွာက သူရို့ရဲ့ အိမ်မက်တစ်ခုပိုင် ဖြစ်နီခကေလေ့ ကံကြမ္မာရဲ့မျက်နှာသာပီးခြင်း မခံခရရေအချိန်မှာတော့ ယင်းအိမ်မက်တိကို အကောင်ထည်ဖော်ဖို့ အမျိုးသမီးတစ်ယောက်အနီနဲ့ ကြန့်ကြာနီကေလေ့ လက်မြှောက်အရှုံးပီးလားဖို့အထဲမှာတော့ သူမ မပါဝင်ပါ။
“အရင်ကဆိုကေ အိမ်ရှင်ကတော့ လုပ်ငန်းချဲ့ဖို့စဉ်းစားရေ။ အခုတော့ ကိုယ်တစ်ယောက်တည်းဆိုခါ မစဉ်းစားလိုက်ယာ။ ရှရှင်းချေပြောရကေ အားတော့ မလျှော့ပါ။ ဒေချင့်တိက မသီမချင်းလုပ်နီရဖို့ အလုပ်တိလေ။ သားတစ်ယောက်၏ တာဝန်ရှိရေ။ သူ့ကို တင့်တောင်းတင့်တယ်ချေထားနိုင်အောင် ကိုယ်ကြိုးစားမယ်။ အမိတစ်ယောက်အနီနဲ့ပေါ့။ သူများနဲ့ မတူချင်စွာတော့ကေ အမှန်။ ဒေလောက်နဲ့ တင်းတိမ်ရေထဲမှာတော့ မထားချင်။ ကိုယ့်သားချေကို လင်၊ မယားနှစ်ယောက်လုံးက ရည်ရွယ်ချက်ရှိရှိနဲ့ ပြန်လာရေဆိုစွာ့ ဒေအချေကို ပြုစုဖို့က ကိုယ့်မှာတာဝန်ရှိရေလေ။”
စစ်တွေမြို့စွာ ဒေါ်သန်းသန်းနွယ်အဖို့ တနားတဖြုတ် စီးပွားလာလုပ်ရေ နေရာချေတစ်ခုသာသာ ဖြစ်ခကေလေ့ ဒေအချိန်မှာတော့ကေ ခင်ပွန်းဖြစ်သူနောက်ဆုံးအချိန်ထိ ရှိလားခရေနေရာဖြစ်လို့ ဒေမြို့ကို စွန့်ခွာသွားဖို့တော့ ခက်လားခပါဗျာလ်။
“အမှန်ပြောရကေ ကိုယ်ကဒေမှာလာနီစွာ တစ်ယောက်တည်းပိုင်မျိုးဖြစ်လားရေလေ။ အမြဲတမ်းတော့ကေ အကောင်းဖက် ကတွေးပြီးကေ အလုပ်လုပ်တယ်။ ယင်းအတွက်ကလေ့ အောင်မြင်ရေလို့ပဲ ပြောရပါဖို့။ အခုလက်ရှိကတော့ (ရန်ကုန်ပြန်ဖို့) အစီစဉ် မရှိသိဆိုစွာက ကိုယ့်စိတ်ထဲမှာလေ ကိုယ့်အမျိုးသားခေါင်းချခရေ ဒေနေရာချေကို အရီး မစွန့်ခွာချင်လိုက်ယာ။”
546 total views, 1 views today