Arakan Yoma |
ဒေသတည်ငြိမ်မှုနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတိကို ဦးစားပီး ဆောင်ရွက်နီကတ်တေ ရခိုင်ပြည်နယ်မှာ အလုပ်အကိုင်အခွင့်အလမ်းတိကိုလည်း မြှင့်တင်ပီးနီဗျာလ်ဖြစ်ပါရေ။ ယင်းအထဲမှာ အမျိုးသမီးတိ ပါဝင်ခွင့် ပိုမိုရရှိရေးကိုလေ့ ဒေသခံတိက အလေးထားလာကတ်ပါရေ။
ဇူလိုင်လ ၃၁ ရက်နိက စစ်တွေမြို့မှာ အဆိုပါ ကိစ္စနဲ့ စပ်လျဉ်းပနာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ကတ်ပါသိရေ။ ဆွေးနွေးပွဲကို ပြည်နယ်အတွင်းမှာရှိရေ နိုင်ငံရေးပါတီတိနဲ့ အရပ်ဖက်အဖွဲ့အစည်းတိက အမျိုးသမီးတိ၊ စစ်ရှောင်အမျိုးသမီးတိနန့် ကျောင်းသားလူငယ်တစ်ချို့လေ့ တက်ရောက်ခကတ်ပါရေ။
ဆွေးနွေးမှုတိထဲမှာ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းကြောင့် နီရပ်စွန့်ခွာမှုတိရှိနီစွာကို ထောက်ပြမှုတိရှိခကတ်ပါရေ။
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ လူဦးရေ ၃ ဒသမ ၂ သန်းရှိရေ ရခိုင်ပြည်နယ်မှာ ရွှိ့ပြောင်းလုပ်သား ၁ သိန်းကျော်ရှိနေခပြီးကေ လက်ရှိမှာ ၃ သိန်းထက် မနည်းရေ အခြေအနေမှာ ရှိနိုင်ရေလို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက ယင်းဆွးနွေးပွဲမှာ ခန့်မှန်းပါရေ။ ယင်းပိုင် စွန့်ခွာမှုရှိနီရစွာကလေ့ အလုပ်အကိုင်အခွင့်အလမ်း မရှိခြင်းကြောင့်ဖြစ်တေလို့ သူက ဝေဖန်ပါရေ။
“ကျောင်းတစ်ကျောင်းမှာ ကျောင်းဆရာမအလုပ်လျှောက်ဖို့ဆိုလို့ရှိကေ (၃) ယောက်။ စာရေးမလားလျှောက်ဖို့ဆိုလို့ရှိကေ ရွာမှာစာရေးမ လုပ်ဖို့ အခွင့်လမ်းမရှိ။ မြို့ထက်ကို တက်ပြီးမှရာ အလုပ်ရှာရဖို့ဆိုကေ ရွာတစ်ရွာက လူ ၅ ယောက်၊ ၆ ယောက်လောက်ရာ အလုပ်လုပ်နိုင်ရေ အနေအထားမှာရှိရေ။ ဆိုကေ ကျန်ရေလူတိက ဇာလုပ်ပြီးကေ ဇာစားကတ်ရဖို့လဲ။ ကိုယ့်ဒေသကို စွန့်ခွာပြီးကေမှ ဖားကန့် ကိုလားရရေ။ မလေးရှားကိုလားရရေ။ ဘန်ကောက်၊ မဲဆောက် ယင်းနီရာတိမှာဆိုလို့ရှိကေ လက်ညိုးညွှန်ရာ အားလုံး ရခိုင်သားတိချည်းရာ။”လို့ ဆိုပါရေ။
တက်ရောက်လာသူတိက “ရခိုင်ဒေသမှာ စိုက်ပျိုးရေး၊ မွေးမြူရေးကအစ ကဏ္ဍပေါင်းစုံ အခွင့်လမ်းတိ ရှိနီကေလေ့ ဖော်ဆောင်မပီးခြင်းရေ ပြဿနာတစ်ရပ် ဖြစ်တေ” ဆိုပနာ ခြုံငုံမှတ်ချက်ပီးကတ်ပါရေ။
“အလုပ်အကိုင်အခွင့်အလမ်းတိလေ့ရှိပါရေ။ ယကေလေ့ ဖော်ဆောင်လို့ မပီး။ စိုက်ပျိုးလို့ရရေ။ ငါးတိထွက်တယ်။ ပုဇွန်တိထွက်တယ်။ အများကြီးရရေ။ စိုက်ပျိုးလို့လေ့ ဖြစ်တယ်။ ယကေလေ့ ဈီးကွက်က ရှိလာဆိုကေ မရှိ။ တင်ပို့ဖို့နရာမရှိ။ ယကေ ဖြစ်တေပိုင် ရောင်းနီကတ်ရရေ။” လို့ တက်ရောက်လာသူတိထဲက မြောက်ဦးဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါရေ။
ယင်းဆွေးနွေးမှုကို အမျိုးသမီးတိကသာမက အမျိုးသားတိကလေ့ သူရို့နီထိုင်ကတ်တေ မြို့နယ်၊ ကျေးရွာအလိုက် တွိ့ကြုံရရေ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ လိုအပ်မှုတိကို ဖြည့်ဆည်းနိုင်ရေ အဖြေတစ်ခုခု ထွက်ပေါ်လာနိုင်စီဖို့အတွက် သဘောထားတိပီးခကတ်ပါရေ။
ဒီဗွီဘီသတင်းဌာန၏ Peace 360 အစီစဉ်က စီစဉ်ရေ ၎င်းဆွေးနွေးပွဲရေ ရခိုင်ဒေသရှိ အမျိုးသမီးများ၏ အလုပ်အကိုင်အခွင့်အလမ်းအရေးနဲ့ ပတ်သက်လို့ စိတ်ဝင်စားမှု ပိုမိုရရှိလာစီဖို့ အထောက်အကူပြုနိုင်လိမ့်မယ်လို့ တက်ရောက်သူတိက မျှော်လင့်ထားကတ်တေလို့ ဆိုကတ်ပါရေ။
447 total views, 1 views today