Arakan Yoma|
ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်တေ စစ်တွေမြို့ စိမ်းလန်းစိုပြေရေးအတွက် အရပ်ဖက်အဖွဲ့တိနဲ့ အစိုးရအဖွဲ့ဌာနဆိုင်ရာတိရေ ဇူလိုင်လ ၆ ရက်နေ့ မိုးထပိုင်းက အလုပ်ရုံဆွေးနွေးမှုတစ်ခုပြုလုပ်ခကတ်ပါရေ။
ယင်းဆွးနွေးပွဲကို စစ်တွေမြို့ စိမ်းလန်းစိုပြေရေးအဖွဲ့ Green Network – Sittwe အဖွဲ့က ဦးဆောင်ပြုလုပ်စွာဖြစ်ပြီးကေ သစ်ပင်တိစိုက်ပျိုးဖို့နည်းလမ်းတိ၊ ပတ်ဝန်းကျင်တိ၊ စာသင်ကျောင်းတိမှာ အမှိုက်တိကို စနစ်တကျဇာစွန့်ပစ်ရဖို့ဆိုရေအချက်တကို ဆွေးနွေးကတ်စွာလို့ အဆိုပါအဖွဲ့ဝင်တိက ပြောပါရေ။
“Green Network – Sittwe က လုပ်ဆောင်နီရေ လုပ်ရပ်တိကို ဌာနဆိုင်ရာတိ၊ အရပ်ဖက်လူမှုအဖွဲ့တိ စီးပွားရေးလုပ်ငန်းရှင်တိနဲ့ တွံ့ဆုံပြီးကေ ရှေ့ဆက်လုပ်ဆောင်ဖို့ လုပ်ငန်းတိကို ကျွန်ရို့က ညှိနှိုင်းဆောင်ရွက်ဖို့ အတွက် လုပ်စွာပါ။ နောက်တစ်ချက်ကကျကေ ရှေ့ဆက်လုပ်ဖို့ လုပ်ငန်းစဉ်တိမှာ အရပ်ဖက်အဖွဲ့တိနဲ့ ဇာပိုင်ပူးပေါင်းဆောင်ရွက်ဖို့ ဆိုစွာကို ချပြရေပေါ့။” လို့ အဖွဲ့ဝင်တစ်ဦးဖြစ်တေ ဒေါ်စောမြစန္ဒာက ပြောပါရေ။
ယင်းအပြင် Green Network – Sittwe အနေနဲ့ ရှေ့ဆက်ဆောင်ရွက်ရဖို့ အပိုင်းတိမှာ တက်ရောက်လာကတ်တေ အစိုးရအဖွဲ့အပါအဝင် အရပ်ဖက်အဖွဲ့တိနဲ့ စီးပွားရေးလုပ်ငန်းရှင်တိကလည်း အကြံပြုခကတ်တယ်လို့ ဆိုပါရေ။
သစ်ပင်ကို လူတိုင်းလိုလိုက စိုက်ပျိုးကတ်ကေလေ့ သစ်ပင်ကိုရှင်သန်အောင် ပြုလုပ်ရဖို့ဆိုရေ အပိုင်းမှာ အားနည်းချက်တိရှိနီစွာနဲ့ ပတ်သတ်ပြီးကေလည်း သူမက အခုပိုင် အကြံပြုပြောဆိုပါရေ။
“အပင်ကို ချစ်မြတ်နိုးသူတိုင်းက၊ ဌာနဆိုင်ရာ သို့မဟုတ် တစ်ခြားပုဂ္ဂလိက သို့မဟုတ် အသင်းအဖွဲ့ဆိုင်ရာတိကလည်း သစ်ပင်စိုက်တယ်။ သစ်ပင်စိုက်ကတ်မယ်။ လာကတ်မယ်။ လုပ်ကတ်မယ်။ ယင်းပိုင်လည်းရှိရေ။ ဆိုကေဇာအဖွဲ့အစည်းမဆို အသူမဆို သစ်ပင်စိုက်စွာ တစ်ခုတည်း မဟုတ်ဘဲ သစ်ပင်ကို ရှင်သန်အောင် ပျိုးထောင်သင့်ရေလို့တော့ အကျွန်က မြင်ရေ။”
စည်ပင်သာယာရေးဦးစီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ စစ်တွေမြို့မှာရှိရေ ရပ်ကွက် ၃၃ ခုက ရပ်ကွက်အုပ်ချုပ်ရေးမှူးတိအပါအဝင် သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတိကို သင်တန်းပေးလားဖို့ ရှိနေပြီး ယင်းကတစ်ဆင့် ဆင့်ပွားသင်တန်းတိ ပေးလားဖို့ ဆုံးဖြတ်ချက်တိ ချမှတ်နိုင်ခရေလို့လည်း သိရပါရေ။ ယင်းအပြင် စစ်တွေမြို့မှာ သာမကဘဲ တစ်ခြား မြို့နယ်တိမှာပါ ပြုလုပ်နိုင်အောင် ကြိုးပမ်းနီရေလို့လည်း ဆိုပါရေ။
Green Network – Sittwe က ဦးဆောင်ပြုလုပ်တေ အဆိုပါဆွေးနွေးပွဲကိုတော့ ယင်းအဖွဲ့ဝင်တိအပါအဝင် အရပ်ဖက်အဖွဲ့တိ၊ အစိုးရ အဖွဲ့ဌာနဆိုင်ရာအဖွဲ့တိ၊ စီးပွားရေးလုပ်ငန်းရှင်တိနဲ့ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတိ တက်ရောက်ဆွေနွေး အကြံပြုခကတ်ပါရေ။
သတင်းဓာတ်ပုံ – ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးသူတွေ မှတ်တမ်းဓာတ်ပုံရိုက်ကူးစဉ် (ဓာတ်ပုံ – Green Network – Sittwe )
416 total views, 1 views today