ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒေတစ်ပါတ်မှာတော့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စု ၇ မျိုးထဲက မျိုးနွယ်စုဝင်တစ်ခုဖြစ်တေ မရမာကြီးလူမျိုးတိအကြောင်းကို တင်ဆက်ပီးပါမယ်။

သူရို့စွာ ရခိုင်ပြည်နယ်၏ ဇာဒေသတိမှာ နီထိုင်ကတ်ပြီးကေ ဇာဘာသာစကားကို ပြောကတ်လေ။ ဇာပိုင်ဝတ်စားဆင်ယင်ကတ်လေ။ ဇာဘာသာကို ကိုးကွယ်ကတ်လေ။ စစွာတိကို မရမာကြီးလူမျိုးတိနဲ့ တွိ့ဆုံမီးမြန်းတင်ဆက်ပေးဖို့ ဖြစ်ပါရေ။

မရမာကြီးလူမျိုးတိစွာ ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မောင်တော၊ မြေပုံနဲ့ ကျောက်ဖြူမြို့နယ်တိမှာ ပြန့်ကျဲနေထိုင်လေ့ ရှိရေပိုင် မြန်မာနိုင်ငံအထက်ပိုင်းဒေသမှာလည်း အနည်းငယ် နီထိုင်လျှက်ရှိကတ်ပြီးကေ မြန်မာတစ်နိုင်ငံလုံးမှာမှ လူဦးရေ တစ်သောင်းငါးထောင်ဝန်းကျင်ရာ ရှိပါရေ။ လူနည်းစုဆိုကေလည်း မျိုးနဲ့ ရိုးနဲ့ အစဉ်အလာနဲ့ ဆင်းသက်လာကတ်တေ မျိုးနွယ်တစ်ခု ဖြစ်ပါရေ။

နီထိုင်ရေဒေသကိုလိုက်ပနာ စီးပွားရေးလုပ်ငန်းတိကို လုပ်ကိုင်ကတ်ပြီး ကျေးလက်ဒေသတိမှာ လယ်ယာနဲ့ စိုက်ပျိုးရေးလုပ်ငန်းအပြင် မွေးမြူရေးလုပ်ငန်းတိ လုပ်ဆောင်ကတ်တေပိုင် မြို့ပေါ်ဒေသတိမှာဆိုကေ ကုန်ရောင်း၊ ကုန်ဝယ်ပြုသူတိလည်း ရှိပါရေ။ တစ်ချို့တိကလည်း အဆင်ပြေပိုင် လုပ်ကိုင်စားသောက်ကတ်စွာ ရှိပါရေ။

သူရို့လူမျိုးတိစွာ သက္က + သာကီယ + ခတ္ထိယ မျိုးနွယ်စုက ဆင်းသက်ပေါက်ဖွားလာကတ်စွားဖြစ်ပြီးကေ အေဒီ ၁၂ ရာ စုက စတင်ပြီး ရခိုင်ပြည်နယ်မှာ နီထိုင်လာခကတ်စွာ ဖြစ်တေလို့ ဆိုပါရေ။

“ကျနော်ရို့ မရမာကြီးတိစွာ အရင်က ဘုရားပွင့်တော်မူပြီးကေ မဇ္ဈိမဒေသ၊ ဂင်္ဂါမြစ်၊ မဂဓတိုင်းပြည်တိမှာ နီထိုင်ခရေလို့ဒဒစ သမိုင်းစာအုပ်တိမှာ ဖတ်ဖူးရေ။ လူမျိုးခြားတြိဖစ်တေ ဟိန္ဒူတိ၊ မူဆလင်တိက ဘာသာရေးဇာတ်သွင်းမှု၊ လူမျိုးရေးမုန်းတီးမှုနဲ့ ဘာသာရေးသိမ်းသွင်းရေအခါမှာ ကျနော်ရို့လူမျိုးတိက ဗုဒ္ဓဘာသာကို ကြည်ညိုရေ လူမျိုးဖြစ်တေအတွက် သူရို့နှိပ်စက်မှု ဒဏ်ကို မခံနိုင်ဘဲ ရခိုင်ဘုရင်ဓမ္မသောကရာဇာမင်းလက်ထက်မှာ အေဒီ ၁၂ ရာစုကနေ စပြီးတော့ ရခိုင်ပြည်မှာ နီလာရေလို့ သမိုင်းမှတ်တမ်းတိအရ သိရရေ။”

အခုပိုင် ပြောပြလားစွာကတော့ကေ မရာမာကြီးတိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့ ဖော်ဆောင်ရေးအဖွဲ့ အတွင်းရေးမှူးဖြစ်တေ ဦးလှရွှေပါ။

ယကေလေ့သင့် တစ်ချို့သော မြန်မာ့သမိုင်းတိမှာတော့ကေ မရမာကြီးလူမျိုးတိစွာ မြန်မာဘုရင် ဘုရင့်နောင်မင်းတရားကြီး၏ ဆွေတော်မျိုးတော်မင်းညီမင်းသားတိလို့ ရေးသားကတ်စွာကိုလည်း တွေ့ရပါရေ။ ဘုရင့်နောင်မင်းတရားကြီးဟာ တပင်ရွှေထီးအစပျိုးခရေ ဒုတိယပြည်ထောင်စု မြန်မာနိုင်ငံကြီးကို အောင်မြင်စွာ တည်ဆောက်နိုင်ခရေ မင်းတစ်ပါးဖြစ်ပါရေ။ ယကေလေ့ ယင်းမင်း နတ်ရွာစံပြီးရေနောက်မှာ နန်းတက်လာရေ သားတော် နန္ဒဘုရင်လက်ထက်မှာတော့ကေ ရခိုင်မင်းနဲ့ တောင်ငူမင်း၏ ပူးပေါင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီးကေ ခုပိုင် ဆွေတော်မျိုးတော်မင်းညီမင်းသားမတိးကို ခေါ်ဆောင်ပြီး ရခိုင်ကို ခေါ်ဆောင်လားရေလို့ ယင်းသမိုင်းတချို့က ဆိုပါရေ။ ယင်းကနီတဆင့် ယင်ခါက ရခိုင်အပိုင် ဘင်္ဂလားနယ်၊ စစ်တကောင်းဒေသကို ပို့ဆောင်ခရေလို့ ရေးသားကတ်ပါရေ။ သူရို့ကနီ ပေါက်ဖွားလာကတ်သူတိကို မရမာကြီးလို့ ခေါ်ရေလို့လည်း အထက်က သမိုင်းတိက ပြောပါရေ။ ရခိုင်ဒေသတိထဲက တစ်ချို့ ပါးစပ်ရာဇဝင်တိထဲမှာတော့ သူတို့စွာ မြန်မာတိထဲမှာတောင် သာမန် မြန်မာမျိုးမဟုတ်ဘဲ မျိုးရိုးကြီးရေ မြန်မာတိဖြစ်လို့ မြန်မာကြီးဟု ခေါ်တွင်ရာကနီ မရမာကြီးဖြစ်လာရေလို့လည်း ပါးစပ်ရာဇဝင်တိ ရှိနီကတ်ဆဲပါ။ ယကေလေ့ အတိအကျတော့ကေ အသူကလေ့ မပြောနိုင်ပါ။

တဘက်မှာ ရခိုင်ပြည်နယ်ထဲမှာ နီထိုင်ကတ်တေ မရမာကြီးတိကို တစ်ခြားတိုင်းရင်းသားေးတိက မရမာကြီးလို့ ခေါ်ဆိုကေလေ့ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာစရေ နိုင်ငံတိမှာ မရမာကြီးတိကို ဘရုဝါလို့ ခေါ်ကတ်တေပိုင် ရခိုင်ပြည်နယ်ထဲက မရမာကြီးတိကလည်း သူတို့အချင်းချင်းဆိုကေ ဘရုဝါလို့ ခေါ်ဆိုကတ်တယ်လို့ ဆိုပါရေ။ မရမာကြီးလို့ အမည်တွင်ခပုံကိုလည်း ဦးလှရွှေက အခုပိုင် ရှင်းပြပါရေ။

“ရခိုင်နဲ့ ပြည်ထောင်စုတိုင်းရင်းသား ၁၃၅ မျိုးမှာကျကေ မရမာကြီးဆိုပြီးတော့ နာမည်ထည့်ထားရေပေါ့။ ဟိန္ဒူနဲ့ မူဆလင်တိကကျတော့ကေ အနောက် တိုင်းမှာဆိုကေ ဘရုဝါလို့ခေါ်ရေ။  ဘရုဝါအဓိပာယ်က ဘရု။ ဘရုဆိုစွာက ကြီးကျယ်ရေပေါ့။ ယင်းခါက ဒေကိုလာတော့ကေ ရခိုင်ရှင်ဘုရင်က ဒေလူတိစွာ ဘုရားနဲ့ တရားနဲ့ မြင့်မြတ်တေလူမျိုးဆိုပြီးတော့ကေ ပထမဆုံး မဇ္ဈိမမှာနီခရေ လူမျိုးဖြစ်စွာကြောင့် ‘မ’တစ်လုံးကိုကောက်တယ်။ ရှင်ဘုရင် ရာဇမျိုးနွယ်ဖြစ်လို့ ‘ရ’ တစ်လုံးကောက်တယ်။ ပြီးတော့ကေ မဂဓတိုင်းပြည်မှာ ပေါက်ဖွားလာရေလူမျိုးဖြစ်စွာကြောင့် ‘မ’နောက်တစ်လုံးကောက်တယ်။ တိုင်းပြည်မှာ လူမျိုးထဲမှာ ကြီးကျယ်ရေ လူမျိုးဆိုပြီးတော့ကေ ‘ကြီး’တစ်လုံးထည့်ပြီးကေ မရမာကြီးဆိုပြီးတော့ ရခိုင်ပြည်မှာ ရှင်ဘုရင်က ရခိုင်မျိုးနွယ်စုအဖြစ် အသိမှတ်ပြုပနာ ထားခရေလို့ ကျနော်ရို့ သမိုင်းအဆင့်ဆင့်မှာ တွေ့ခရရေ။”

သူရို့အချင်းချင်းဆိုကေ မဂဓဘာသာနဲ့ ပါဠိဘာသာစကားကို ပြောဆိုကတ်ပါရေ။ ယကေလေ့ ရခိုင်ပြည်နယ်မှာ နီထိုင်လျှက်ရှိသူတိစွာ ရခိုင်စကားကို အနည်းငယ် ကြားညှပ်ပြောဆိုကတ်တေပိုင် ဘင်္ဂလားဒေ့ရှ်မှာ နီထိုင်သူတိကလည်း ယင်းအတိုင်းပဲ ပြောဆိုကတ်စွာပါ။ မရမာကြီးတိမှာ ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးကလွဲပြီးကေ အခြားမရှိပါ။ တစ်နည်းအားဖြင့် ဗုဒ္ဒဘာသာတစ်ခုတည်းကိုရာ ကိုးကွယ်ယုံကြည်သူယေတိလို့ ဆိုလိုစွာပါ။

“ကျနော်ရို့ လူမျိုးမှာ ဘုရား၊ တရား၊ သံဃာ ရတနားသုံးပါးကအပ ကြည်ညိုရာတော့ မရှိ။ အရင်ရှေးခေတ် အဆက်ဆက်ကကပင် ယင်းဘာသာ ရတနာသုံးပါးနဲ့ စောင့်ထိန်းရေ လူမျိုးဆိုပြီး  ကျနော်ရို့ ခံယူထားရေ။ ဘာသာ၊ သာသနာရှိမှ လူမျိုးတစ်မျိုးစွာတည်တံ့နိုင်ရေ။ ဆိုစွာကို ကျနော်ရို့ လူမျိုးတိုင်း ခံယူချက်ရှိပေါ့။”

ရခိုင်ပြည်နယ်မှာ မနီထိုင်ခင်က မရမာကြီးတိစွာ အနောက်တိုင်းဝတ်စုံနဲ့ ဆာရီကို ဝတ်ဆင်ကတ်တယ်လို့ဆိုပြီးကေ ရခိုင်ပြည်နယ်မှာ နေထိုင်လာပြီး နောက်ပိုင်းမှာတော့ သူရို့ရိုးရာ ယဉ်ကျေးမှုတိစွာ ရခိုင်ရိုးရာနဲ့ အနီးစပ်ဆုံးအနီအထားကို ရောက်လားပါရေ။ ဝတ်စားဆင်ယင်မှုအပိုင်းမှာ အမျိုးသားနဲ့ အမျိုးသမီးကို ခွဲခြားထားကတ်ပါရေ။

အမျိုးသားတိက အထက်ခေါင်းပေါင်းမှာ ခေါင်းပေါင်းအစွန်ကို ညာနားရွက်ဖုံးဝတ်ဆင်ကတ်ပြီး တိုက်ပုံအင်္ကျီ၊ တိုက်ပုံ၏ ဘယ်ပုခုံးထက်မှာ ၄ တောင်ခန့်ရှိ သာသနာ့အလံကဲ့သို့ ဝတ်စကို လက်ကတော့ စံပါတ်တင် ဝတ်ဆင်ကတ်တေပိုင် ပုဆိုးအနီနဲ့လည်း ၆ တောင်ခန့်ရှည်ရေ ပုဆိုးကို ပတ်ရိုက်ဝတ်ပြီးနောက်ဖက်ကို ချိုးပြီးဝတ်ဆင်ကတ်ပါရေ။ စစ်တွေနည်းပညာတက္ကသိုလ် တက်ရောက်နီရေ မင်းပြားမြို့နယ် ပန်းမြောင်းတိုက်နယ်ဇာတိ ကိုဝင်းမြင့်က အခုပိုင် ပြောပါရေ။

“ခတောင်းကျစ်တယ် ပုံစံမျိုးပိုင်ပေါ့။ ပုဆိုးပိတ်စကို အောက်ကနီ ခေါက်ယူပြီး နောက်ကနီယူစွာ။ ပုဆိုးပြီးတော့ကေ ရှေ့ကပိတ်စရှည်တစ်ခုပါသိမ့်ရေ။ ယင်းချင့်ကတော့ သတ်သတ်ပေါ့။ ခေါင်းပေါင်းကတော့ ညဖက်အစွန်ဆုံးက ပေါင်းရေ။ အင်္ကျီကတော့ အင်္ကျီလက်ရှည်ရယ်။ တိုက်ပုံရယ်။ ပြီးငေ စလွယ်ရယ်ပေါ့။”

အမျိုးသမီးတိရေ ဆံထုံးခွေရိုက်ပြီး အင်္ကျီရင်ဖုံး၊ ၄ တောင်ခန့်ရှည်ရေ အဝတ်စကို ဘေးဖက်ပတ်ရိုက်ပြီး ဝတ်ဆင်ပနာ ထဘီတိကို ဝတ်လေ့ရှိပါရေ။ ရခိုင်အမျိုးသမီးဝတ်စားပုံနဲ့ ဆင်တူပါရေ။ အဆင်တန်ဆာတိကိုလည်း ရခိုင်အမျိုးသမီးတိပိုင် ဝတ်ဆင်ကတ်စွာပါ။ မတူစွာကတော့ သာသနာ့ အလံပိုင် စလွယ်သိုင်းခြင်း ဖြစ်ပါရေ။

“အကျွန်ရို့ တောင် မမွေးခင်ကကပင် ဝတ်နီကတ်စွာပေါ့။ အဆင်အယင်တွေကလည်း အရင်ကအတိုင်းပါပဲ။ ပြောင်းလဲစွာတိ မရှိပါဘူး။ ပက်ခုံးမှာ တင်ရေကိုယ်တင်ပိုင် အဝတ်စကတော့ အကျွန်ရို့မှာ မသတ်မှတ်ရသိခင်က ရခိုင်မှာတင်ရေမျိုး တင်ဝတ်တယ်။ အခုကကျတော့ ကိုယ့်အလံကိုပဲ တင်ကတ်ပါရေ။ ယင်းတစ်ခုတော့ ပြောင်းလဲလားပါရေ။”လို့လည်း စစ်တွေတက္ကသိုလ်မှာ တက်ရောက်နီရေစစ်တွေမြို့သူ မအိသဇင်ခိုင်က မရမာကြီး အမျိုးသမီးတိ ဝတ်စားဆင်ယင်ပုံအကြောင်းကို သိသလောက်ချေ ပြောပြပါရေ။

ရိုးရာဝတ်စုံတိကို ပုံမှန်အနီအထားတိမှာ ဝတ်ရိုးတော့ မရှိပါကတ်ပါ။ အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေးနဲ့ သက်ဆိုင်ရေ နိထူးနိ့မြတ်တိမှာ ဝတ်ဆင်ကတ်တေပိုင် လူမျိုးစုကိုယ်စား တက်ရောက်ရရေ အခမ်းအနားတိ၊ ညီလာခံတကိုလည်း ကိုယ့်လူမျိုးမှန်း သိသာထင်ရှားနီအောင် ရိုးရာဝတ်စုံ ဝတ်ဆင်ပြီးကေ တက်ရောက်လေ့ ရှိကတ်ပါရေ။ 

လူမျိုးစုကိုယ်စား ငြိမ်ချမ်းရေးလမ်းစဉ်လိုက်ပြီးကေ ဆောင်ရွက်နီသူတစ်ဦးဖြစ်တေ မင်းပြားမြို့သူ မသဇင်ကတော့ ညီလာခံတိ၊ အခမ်းအနားတိ တက်ရောက်ရရေအခါတိုင်း ရိုးရာဝတ်စုံချေ ဆင်မြန်းရစွာကို ဂုဏ်ယူမဆုံး ဖြစ်နီတတ်ပါရေ။

“အကျွန်ရို့ မင်္ဂလာဆောင်တိ၊ ပွဲတိတက်ရောက်စွာတိ အခမ်းအနားတိတက်ကေ ဝတ်ဖြစ်တေ။ အကျွန်ရို့စွာ ဂုဏ်ယူတယ်။ ရိုးရာဝတ်စုံချေ ဝတ်ပြီးကေ ဇာအခမ်းအနားကိုပဲဖြစ်ဖြစ်၊ ဇာပွဲကိုဘဲ ဖြစ်ဖြစ် ဒေပိုင်တက်ရကေ အကျွန်ရို့ကောင်း ဂုဏ်ယူပါရေ။ မရမာကြီးရဲ့ အမှတ်အသားတစ်ခုဆိုပြီးကေ ဝမ်းလည်းဝမ်းသာရေ။ ဂုဏ်လည်းယူရေပါ့။”

ရိုးရာဝတ်စုံတိရေ သက်တောင့်သက်သာ မရှိစွာကြောင့် ပုံမှန်အနီအထားမှာ ဝတ်နီဖို့တော့ အဆင်မပြေလောက်ပါ။

ဒေအကြောင်းကိုလည်း မအိသဇင်ခိုင်က “ဝတ်ရစွာတော့ ကြိုက်တယ်။ ယကေလေ့ ရိုးရာဝတ်စုံက လက်ရှည်အင်္ကျီထဘီတိဝတ်ရလို့ ကောင်းပူရေ။ လွတ်လွတ်လပ်လပ်မကျ။ မဝတ်ချင်လို့လည်း မဟုတ်ပါ။”လို့ ဆိုပါရေ။

မရမာကြီးမျိုးနွယ်စုစွာ ချမ်းသာရေ လူမျိုးနွယ်စုတစ်ခု မဟုတ်တေပိုင် ကကောင်းလည်း မဆင်းရဲကတ်ပါ။ ယကေလေ့ သူရို့ရှောင်ကြဉ်ရေ အလုပ်တိလည်း ရှိပါရေ။

“မြို့ပေါ်တိမှာ ဆိုင်သည်တိရှိရေ။ ဆင်းရဲသူ၊ ဆင်းရဲသားတိကျကေ ဈေးတိမှာလားပြီးကေ ကွမ်းတိဘာတိ ရောင်းကတ်တယ်။ လုံးဝ မရှိရေ ဆင်းရဲသားတိ ဆိုလို့ရှိရင် ဆိုက္ကားနင်းကတ်တယ်။ ကိုယ်ပိုင်အိုင်ဒီယာထုတ်ပြီး လုပ်ကတ်တယ်။ သို့သော်လည်း အောက်တန်းကျရေ အလုပ် ချေးပိုက်(မိလ္လာပစ်လုပ်ငန်း)နှင့် ဆံပင်ညှပ်ရေအလုပ်တိကိုတော့ကေ ကျနော်တို့ မရမာကြီးတိ မလုပ်ပါ။”လို့ ဦးလှရွှေက ပြောပါရေ။

သူတို့လူမျိုးတိစွာ မူဆလင်တိနဲ့ ရုပ်ချင်းဆင်တူကေလေ့ ကိုးကွယ်ရေဘာသာကအစ ယဉ်ကျေးမှုနဲ့ ဘာသာစကားတိကအဆုံး ကွဲပြားရေလို့လည်း ဆိုပါရေ။

“ဖြစ်လည်း ဖြစ်တတ်တယ်လို့ ကျနော်ရို့က ယူဆရေ။ ဇာလို့ဆိုကေ ကိုယ်ရို့ အရုပ်က ကုလားဆင်ထွက်နီစွာကို ဆိုတော့ တချို့တိက ခွဲခြားမသိ။ ကျနော်ရို့ မရမာကြီးလို့ ပြောပြလိုက်ရင်တော့ ကျနော်ရို့ဘကုလား မဟုတ်တေအကြောင်း၊ ဟိန္ဒူမဟုတ်တေအကြောင်းပြောပြကေတော့ နားလည်ကတ်တယ်။ ယင်းပိုင် ပြောကေလေ့ အဆင်မပြေခါလည်းရှိရေ။ အရက်သမားတိ၊ အဆိုးယုတ်တိက နှိပ်ချလို့ စကားပြောစွာတိ ရှိရေပေါ့။”

လက်ရှိမှာတော့ မရမာကြီးတိရေ ကိုယ်ပိုင်စာပေကို ဖော်ထုတ်ဖို့ ကြိုးပမ်းနီကတ်ပြီး သူရို့စာလုံးတိစွာ သတ်မှတ်ခံထားရခြင်း မရှိသိစွာကြောင့် ဖောင့်တစ်ခုပြုလုပ်နိုင်ဖို့ အခက်ခဲဖြစ်နီကတ်ပါရေ။

မရမာကြီးတိုင်းရင်းသားတိစွာ မျိုးရိုးအလိုက် အစဉ်အလာကြီးမားရေ လူမျိုးတစ်မျိုးဖြစ်တေအလျောက် တခြားလူမျိုးတိရဲ့ ရိုးရာ၊ ယဉ်ကျေးမှု၊ ကိုးကွယ်ရေဘာသာတိကို တတ်နိုင်သလောက် ကူးစက်မခံကတ်တေပိုင် တတ်နိုင်သမျှလည်း ကြိုးစားပြီးကေ ပျောက်ကွယ်လုနီးနီးဖြစ်နီရေ သူရို့ဓလေ့စရိုက်တိကို ဖော်ထုတ်နီကတ်ပါယာ။

 1,012 total views,  2 views today