ကိုအောင်၊ ရိုးမရေဒီယို မဂ္ဂဇင်း

သြဂုတ်လ ၁၄ ရက်။ ။ နေ့စဉ်နဲ့အမျှ ရုန်းကန်လှုပ်ရှားနေကြတဲ့ သူတွေဟာ ရုံးပိတ်ရက်ရှည်ရတဲ့အခါ တွေမှာဆိုရင် ပြည်တွင်းပြည်ပနေရာ အသီးသီးကို ခရီးထွက်ပြီး အပန်းဖြေတက်ကြပါတယ်။ ဒီလို ခရီးထွက်ပြီး ပြန်လာချိန်မှာဆိုရင်လည်း သွားရောက် လည်ပတ်ခဲ့တဲ့ ဒေသရဲ့ ထွက်ကုန်တွေ နာမည်ကြီးအစားအစာတွေကို အမှတ်တရလက်ဆောင်အဖြစ် ၀ယ်လာ တက်ကြပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ ၁၉ မိုင်လောက်သွားရင် ရောက်တဲ့ ကွန်းတောင်ရွာလေးမှာတော့ ကွန်းတောင် ကြက်ကင်က ဒေသအစားအစာတစ်ခုအဖြစ်နာမည်ကြီးပါတယ်။

“အရီးတို့ရောင်းခဲ့တာက နှစ်ဆယ်ကျော်ပြီးလေ။ သမီးရောင်းလာတာကတော့ တစ်ဆယ်ကျော်လောက်ပဲ ရှိသေးတယ်။ ၁၂ နှစ်ကျော်ပဲရှိသေးတယ်။”

သူတော့ ကွမ်းတောင်ကျေးရွာမှာ ကြက်ကင်ကို ၁၂ နှစ်ကျော် ရောင်းလာတဲ့သူ တစ်ယောက်ပါ။ ဒီအလုပ်ကိုတော့ သူ့ ယောက္ခမဆီကနေ လက်ဆင့်ကမ်းပြီး လုပ်ကိုင်လာတာ ဖြစ်ပါတယ်။

“သမီးက ဒီကမဟုတ်ဘူးလေ။ တခြားရွာက။ ဒီကို လင်နောက်ကို လိုက်လာတယ်။ အင်း ယောက္ခမတွေ ဘိုးဘွား အစဉ် အဆက်ပေါ့။ ယောက္ခမတွေလုပ်လို့ သမီးက ဒီကို ရောက်လို့ ကြက်ကင်ကိုပဲ လုပ်တာ။ ယောက္ခမလုပ်လို့ လုပ်တာပေါ့။ ကြက်ကင်လုပ်တာတော့ ဆူးတွေတော့ သူများဆီက ၀ယ်ရတယ်လေ။ ဆူးတွေရော ကြက်တွေရော ကြက်ကင်လုပ်တဲ့ သူရော ငှားရတာပေါ့ အကုန်လုံး။ ကြက်ခုတ်တဲ့အခါလည်း ကိုယ်တိုင်ပဲ ခုတ်ရတာ။ သူများခုတ်လို့မှ မရတာ။ ကြက်ကို လုပ်ပေးရတာ ကိုယ်တိုင်ပဲ လုပ်ပေးရတာများပါတယ်။ စပ်ရတာလေ ငရုတ်တွေ စပ်ရတယ်။ ငရုတ်ကောင်းတွေ ချင်းတွေ၊ အချိုမှုန့်တွေ၊ ဆားတွေ၊ ရှာလကာရည်တွေ၊ သံပုရာသီးတို့ အကုန်လုံး ထည့်ရတာပေါ့။ သံပုရာသီးတွေ ငံပြာရည်တွေ အကုန်လုံးထည့်ပြီးမှ လုပ်တာ။”

ဒေသထွက် အစားအစာကို ဒေသခံတွေ အနေနဲ့ သိပ်မစားကြတာကတော့ ပုံမှန်လိုပဲ ဖြစ်နေပါတယ်။ ကွမ်းတောင် ကြက်ကင်ကိုလဲ ကွမ်းတောင်ကသူတွေ စားကြတာနည်းပြီး ခရီးသွားတွေကသာ အများဆုံး စားသုံးကြတာပါ။

မစိုးမိုးကတော့ သူများတွေထက်  ပိုပြီးအရသာကောင်းတဲ့ ကြက်ကင်ကို ရောင်းချချင်နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

“စနေ ၊ တနင်္ဂနွေကျတော့ အကောင် ၁၀၀ လောက်တော့ ရောင်းရပါတယ်။ အခြားရက်တွေမှာတော့ လေး၊ ငါး ဆယ်လောက်ပဲ ရောင်းရတာ။ လေးဆယ် ငါးဆယ် အဲ့လောက်ပဲ ရောင်းရတာ။ ငါးဆယ်လောက်ပဲ ရောင်းရတာလေ။ တခြား စနေ၊ တနင်္ဂနွေကျမှ သမီးတို့မှာ ပိုရောင်းရတာပေါ့နော်။ မြောင်ကို သွားတယ်။ အပျော်သွားတာပေါ့လေ။ စစ်တွေက သူတွေ အပျော်ခရီးထွက်တယ်။ သဘောလေ အဲလိုသွားကြတာ အကုန်လုံး အပျော်သွားကြတာ။ အကုန်လုံး စစ်တွေဘုရားဖူးတွေ ကျောက်တော် ဘုရားဖူး၊ မြောက်ဦးဘုရားဖူး၊ အဲလိုသွားတော့ ရောင်းရတာပေါ့။ သမီးတို့ ၅ သိန်းဖိုးလောက် ရောင်းရရင်တော့ တစ်ရက်မှာ ၅ သောင်း ၆ သောင်း အဲလောက်ပဲကျန်တာ။ ကြက်ကင် ကင်မယ်ဆိုရင် မီးသွေးရော ၀ယ်ရတာပေါ့။ ဆူးတွေဝယ်ရတာပေါ့။ ကြက်တစ်ကောင်ကို ၅ ထောင်ကျော် ၀ယ်ရတယ်။ ကြက်တစ်ကောင် သမီးတို့ ရောင်း ၆ ထောင်။ သူတို့ဆီက ၀ယ်တာ ၅ ထောင်ကျော် အဲလိုပေးရတယ်။ အကုန်လုံး မီးဖိုးရော တစ်ခါတစ်လေ ၅၅၀၀ လောက်ကျတယ်။ သမီးတို့အတွက် တစ်ကောင် ၅၀၀ လောက်ပဲ ကျန်တာ။”

သူ့နဲ့ သူ့ယောက္ခမ ကြက်ကင်ရောင်းလာတဲ့ နှစ်ယောက်ပေါင်း သက်တမ်းက နှစ် ၃၀ ကျော်လာပါပြီ။ ခုနောက်ပိုင်း တိုးတက်လာမှသာ ကြက်ဒိုင်တွေ ပေါ်လာပြီး အိမ်လာပို့ပေးပေမယ့် အရင်နှစ်တွေကတော့ သူတို့ကိုယ်တိုင် ရွာတွေကို ဆင်းပြီး ကြက်တွေ လိုက်ဝယ်ရပါတယ်။ မိန်းမသားနှစ်ယောက်အတွက် ဒီလိုမျိုး လိုက်ဝယ်ရတဲ့ အခက်အခဲကလဲ မသေးလှပါဘူး။

“တစ်ချိန်တုန်းက သူတို့ မရောင်းခင်တုန်းကဆို အမေနဲ့ နှစ်ယောက်သွားလို့ ၀ယ်ရတာ။ ကြက်တွေကို ရွာထဲမှာ သွားလို့ ၀ယ်ရတာ။ ကိုယ့်ဟာကို ထမ်းလိုက် ကိုယ့်ဟာကို ပိုးလိုက် အဲလိုပဲဝယ်တာ။ ဘယ်လိုပြောရမှာလဲ။ ကြက်တွေကို မသယ်နိုင်ဘူးလေ။ အကောင် ၃၀ ၊ ၄၀ ကျော် နှစ်ယောက်ထမ်းလို့ မပါဘူး။ ကျောပိုးနဲ့ ထမ်းတာလေ  အကုန်လုံး။ ကျောပိုးနဲ့ ထမ်းတော့ တစ်ခါတစ်လေ ကျိုးသွားတာပေါ့။ ၀ါးတွေက အကုန်လုံးကျိုးသွားတယ်။ ကြက်တွေက အကုန် အပြင်ကို လွတ်ကျသွားတာ။ လွတ်ကျသွားတော့ မိုးရေစက်စက်နဲ့ အဲ့လိုသွားတာ။ မိုးရေ စက်စက်နဲ့ သွားတော့ အကုန်လုံးထမ်းကြတာလေ။ ကြက်တွေက လွတ်ကျသွားတော့ အကုန်လုံး စိုရွှဲသွားတာ -။ ကြက်တွေက စိုရွှဲသွားတော့ နောက်ဆုံး  ၀ါးတွေကောက်တာပေါ့။ ၀ါးတွေကောက်ပြီး ထည့်တာပေါ့။ အဲ့ဝါးတွေနဲ့ အဲဒါ ထမ်းတယ်။ ထမ်းပြီး လာလို့ရတဲ့ နေ့ရတယ်။ မရရင်နှစ်ခေါက်ထမ်း ၊ သုံးခေါက်ထမ်းရှိတယ်။ အဲလိုမှ အိမ်ကို ရောက်တာလဲ ရှိတယ်။ နောက် တဖြည်းဖြည်း တိုးတက်လာတယ်ပေါ့။ တိုးတက်လာမှ သူတို့ဆီကပဲ အကုန်လုံး ၀ယ်ကြတာ”

သူတို့ အနေနဲ့ ကွမ်းတောင်ကြက်ကင်ကို ကွမ်းတောင်မှာတင် မဟုတ်ဘဲ ရခိုင်ပြည်နယ်ထဲက အခြားမြို့တွေမှာ သွားရောင်းတဲ့အခါ ရင်ဆိုင်ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေကြောင့်လဲဒီမြို့ထဲမှာပဲ ဆက်ရောင်းဖြစ်နေတာ ဖြစ်ပါတယ်။

“သမီးတို့ကို သူတို့ခေါ်တယ်။ စစ်တွေခေါ်တော့ သမီးတို့ကနော် သင်္ကြန်ကျရင် သမီးတို့ ယောက္ခမပေါ့နော်။ သင်္ကြန်တုန်းကတော့ သူတို့ဆီမှာ လိုက်ရောင်းတော့ မစွံပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟို ညာလို့ ရောင်းနေတာ လိမ်လို့ ရောင်းနေတာ အဲလိုပဲ ပြောကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကွမ်းတောင်ကြက်ကင်က ကွမ်းတောင်မှာပဲ ရတယ်နော်။ သူတို့ဆီမှာမရဘူး။ အဲ့လိုပဲ သူတို့ဆီရောင်းရင်တော့  မစွံပါဘူး။ သူတို့က ကွမ်းတောင်ကြက်ကင် မဟုတ်ပါဘူး။ အခြားကြက်ကင်ကို လာလိမ်ရောင်းတာ အဲလိုပဲ ပြောကြတယ်။ ကွမ်းတောင် ကြက်ကင်ဆိုလဲ မရဘူး။ ကွမ်းတောင်ကြက်က အဲမှာရောင်းရင်လဲ မစွံပါဘူး။ ကွန်းတောင်မှာပဲ စွံတာ”

သူ အထက်တန်း ကျောင်းတက်နေစဉ်ကတော့ သူ့ရဲ့ အိမ်မက်က ကျောင်းဆရာမတစ်ယောက်ဖြစ်လာဖို့ပါ။ ဒါပေမယ့် တက္ကသိုလ်ဝင်တန်း ကျရုံးတဲ့အချိန်မှာတော့ အိမ်တောင်ကျခဲ့ပြီး သူတို့ရဲ့ ဒေသအယူတွေကြောင့် မိရှိးဖလာ လုပ်ကိုင်လာတဲ့ ဒီအလုပ်ကိုသာ ၀င်ရောက်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

“သမီးတို့ တစ်ခါမှ မရောင်းဖူးဘူးလေ ပထမဆုံးရောင်းတော့ ဘယ်လိုပြောရမလဲ ယောက္ခမအလုပ်ပေါ့။ သမီး ဘယ်လို ပြောရမလဲ သူတို့ အလုပ်ကိုပဲ လုပ်ရမှာပေါ့နော်။ ယောက္ခမအိမ်ကို ရောက်လာရင် ယောက္ခမ အလုပ်ကို လုပ်ရမှာပေါ့ အဲ့လိုစိတ်ပဲရှိတယ်။ ကြိုးစားမယ်။ ဘာဖြစ်လို့ မဖြစ်ရမှာလဲ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ဆန္ဒတစ်ခုနဲ့ ကြိုးစားတာပေါ့။ ကိုယ့်အမေအရင်းလို အဲ့လို ယောက္ခမကိုလဲ အဲ့လို ယောက္ခမနဲ့ တန်းတူတန်းမျှလုပ်ပါတယ်။ သမီး စိတ်ထဲမှာတော့ ဘာမှ မတွေးဘူးလေ။ ကိုယ်လုပ်တဲက အလုပ်ဟာ ကိုယ့်ဟာ ဂုဏ်ရှိတာပေါ့နော်။ ဘာပဲလုပ်ရလုပ်ရ အကုန်ဂုဏ်ရှိတာပေါ့နော် အဲလိုစိတ်ပဲရှိတယ်။ သမီးရဲ့ သမီးအကြီးပေါ့နော်  ၈ လ သမီး အရွယ်လောက်က ကြက်သတ်တဲ့ ဦးလေးကလေ ကြက်မသေတာမသိဘူး။ ကြက်မသေတာ မသိဘဲနဲ့ ရေနွေးပူထဲကို ထည့်လိုက်တာ။ ကြက်တွေက ထလို့ပြေးရော။ သမီးက ကြောက်သွားတာ အမယ်လေး။ ကိုယ့်ဗိုက်ဟာ ဘယ်လိုဖြစ်မှန်းကို မသိဘူးနော်။ ကြောက်သွားတာ ထိတ်ခနဲ လန့်သွားတာ။ သမီးဘာဖြစ်မှန်း မသိဘူးနော် အမေ့ဆီကို သွားပေးတယ်။ ယောက္ခမလေ။ သမီးယောက္ခမဆီကိုသွားတယ်။ အမေလို့ ဒီကြက်ကလို့ ထည့်လိုက်ရင်တော့ ထပြေးသွားတယ်လို့။ ဘယ်လိုလုပ်ရမလဲလို့ဆိုတော့ သူတို့က ပြောကြတယ်။ ဘာမှမဖြစ်ပါဘူး အဲ့လိုပဲပြောဲကတယ်။ သမီးထည့်လိုက်တာမှ မဟုတ်တာ။ ကြက်သတ်တဲ့ ဦးလေးကထည့်ပေးလိုက်တာလေ ကြက်တွေက ပြေးကုန်ရော အကုန်လုံး ထပြေးတာ အဲ့လိုတစ်ခါတစ်လေကြုံဖူးပါတယ်။ ကြက်မသေဘဲနဲ့လေ တစ်ခါတည်းထည့်လိုက်တော့ တစ်ခါတစ်လေ အဲ့လိုပဲ ကြုံပြီးတော့ စိတ်ထဲက တစ်မျိုးပဲ ခံစားရတယ်။”

ဘေးပတ်ဝန်းကျင်က အကုသိုလ်အလုပ်လို့ ပြောကြတဲ့အခါ စိတ်မကောင်းဖြစ်မိပေမယ့်  နေ့စဉ်စားဝတ်နေရေး အတွက် အသက်မွေးဝမ်းကျောင်းအလုပ် ဖြစ်တဲ့ ကြက်ကင်ရောင်းတဲ့ အလုပ်ကို ရခိုင်ပြည်နယ် ကွန်းတောင် မြို့လေးမှာ သူကတော့ ဆက်ပြီးလုပ်ကိုင်နေဦးမှာပဲ ဖြစ်ပါတယ်။

“တစ်ခါတစ်လေလဲ အဲ့အလုပ်ကို လုပ်ရတာနော် စိတ်တွေ မကောင်ဘူးလို့ဖြစ်မိတာပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုရင် သူများတွေက အကုသိုလ်အလုပ်တွေ လုပ်ကြတယ်ပြောတယ်။ သမီးတို့ စိတ်ထဲမှာတော့ မရှိပါဘူးနော် ပိုက်ဆံရတဲ့ အလုပ်ဆိုရင် ဘာပဲလုပ်ရလုပ်ရ သမီးတို့ သတ်တာမှ မဟုတ်တာ သမီးတို့ ရောင်းတာပဲ အဲ့လိုစိတ်ထဲရှိတယ်။ သူများတွေပြောရင်”

သူတို့ နေတဲ့ နေရာမှာတော့ အပြင်အလုပ်ထွက်လုပ်တဲ့ သူတွေက ရှားပြီး အားလုံးနီးပါးက ကိုယ်ပိုင်ဈေးဆိုင်လေးတွေ နဲ့သာ လုပ်ကိုင်နေကြတာတွေ များပါတယ်။ ဘာလိုဒီလိုမျိုးလုပ်ကိုင်နေကြတယ်ဆိုတဲ့ သူတို့ရဲ့ ခံယူချက်ကတော့ ရိုရှင်းလှပါတယ်။

 963 total views,  1 views today