ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မြောက်ဖက်အစွန်ဆုံးက ထူထပ်လှရေတောတွင်းတစ်နီရာမှာ သေဠာဂေရိနဲ့ တြိသေဠလို့ အမည်တွင်ရေ ကျောက်ဆောင်ရို့ တည်ရှိပါရေ။ ယင်းကျောက်ဆောင်တစ်ခုစီ၏ အထက်မှာ ဗုဒ္ဒဘုရားရှင် သက်တော်ထင်ရှားရှိခစဉ်က ရခိုင်ကို ကြွရောက်ချီးမြှင့်တော်မူရေအခါ လက်ဝဲ၊ လက်ယာ ခြီတော်ရာတစ်စုံကို ချန်ထားခပါရေ။

ယင်းခြီတော်ရာ တစ်စုံ၏ကြားမှာ မဟီရာနဒီလို့ခေါ်ရေ မအီချောင်းဆိုစွာ တည်ရှိပါရေ။ ယင်းဒေသစွာ တောတောင်ထူထပ်စွာကြောင့် သားရဲ တိရစ္ဆာန်ရို့ ပေါများရေပိုင် ရှေးကျရေ သစ်ပင်များစွာလေ့ တည်ရှိပါရေ။

ယင်းပိုင်ဗျာလ် မအီချောင်းမှာလေ့ ရီနီသတ္တဝါဖြစ်တေ ငါးတိလေ့ ပေါများစွာ ရှင်သန်ပေါက်ဖွားလျှက် ရှိကတ်ပါရေ။

ပွင့်လင်းရာသီရောက်လို့ မအီစက်တော်ရာကို လား၊ လာခွင့်ပြုဗျာလ်ဆိုစွာနဲ့ မအီချောင်းမှာ ကျက်စားရေ ငါး အပေါင်းရို့ကလည်း လက်ယာစက်တော်ရာတည်ရှိရေ သေဠာဂေရိကျောက်ဆောင်အောက်က အရာတော်အိုင်ကို အလိုအလျောက် ရောက်လာတတ်ကတ်တေပိုင် ပွဲတော်ရက်တိ ပိတ်သိမ်းလိုက်ဗျာလ် ဆိုစွာနဲ့ သူရို့စွာ သဘာဝအလျောက် ပျောက်လားတတ်ကတ်ပါရေ။

အခုတစ်ပတ်မှာတော့ ဇာငါးအမျိုးအစားတိက ဇာအချိန်တိမှာ လာရောက်ကတ်လေ။ ဇာအချိန်မှာ ပျောက်ကွယ်လားကလေ။ ဇာပိုင် ရှင်သန်ကတ်လေ။ စစွာတိကို မီးမြန်းတင်ဆက်ပီးလားပါဖို့။
မအီချောင်းစက်တော်ရာဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးမှိုင်းက ငါးချေတိ စတင်ရောက်လာတတ်ကတ်တေ မြင်ကွင်းကို အခုပိုင် ပြောပြပါရေ။

“သတင်းကျွတ်၊ တန်ဆောင်မုန်းလပြည့်ဆိုလို့ရှိကေ ဖွင့်ပွဲကျင်းပရေ။ ဒေဘုရားမှာ အလှူခံဖို့အတွက် အားလုံး အစီစဉ်တိကို ချမှတ်ရရေ။ ယင်းအချိန်ကျကေ လူ၊ သူ၊ ပရိတ်သတ်တိ ရောက်လာရေ။ အခန်းချေတိလုပ်ပြီးကေ ငါးစာကျွေးဖို့နေရာတိလုပ်တော့ကေ သူရို့ရောက်လာကတ်ပန်ယာ။ လူမခေါ်ဘဲနဲ့ ဘဘာဝအလျောက် သူရို့ရောက်လာကတ်တေ။ အချိန်ကျကေ။ ဆိုကေ ကျွေးကတ်တေ။ ကျွေးကေ တစ်ရာတင်မက။ တစ်ထောင်တင်မက။ မျိုးစုံသူရို့လာကတ်တေ။”


ဘုရားဖူးလာရောက်တေလူတိပါးက ကျွေးမွေးရေ အစာရေစာတိကို စားသောက်ပြီး အသင်ရှင်နီထိုင်ကတ်စွာလေ့ ဖြစ်ပါရေ။ နိခင်းသား ပိုင်းမှာဆိုကေ တစ်ချို့က အုပ်စုဖွဲ့ လားတတ်ကတ်တေပိုင် တစ်ချို့က တစ်ကောင်ချင်းအလိုက်လားနီတတ်ပြီး တစ်ချို့က ရီငုတ်လားနီ ရေပိုင် တစ်ချို့က ရီထက်ခေါင်းထောင်ပြီး လားနီကတ်စွာ မြင်တွိ့ရပါရေ။ ယင်းမြင်ကွင်းတိစွာ ဘုရားဖူးလာရေ ဧည့်သည်တိကို ပျော်ရွှင် ကြည်နူးမှု ဖြစ်ပေါ်စီပါရေ။


လာရောက်ကျက်စားလေ့ရှိရေ ငါးအမျိုးအစားတိကို အကြောင်းကိုလည်း “ငရံ့ရယ်၊ ငကြောင်းရယ်၊ ငဝေဆူရယ်။ နောက်ပြီးကေ ငစင်း ဒေပိုင်ငါးတိပဲ အထူးသဖြင့်တွိ့ရရေ။ နောက်ပြီး ဆလားဘီးယားလို့ ခေါ်ရေ ငါးတိလည်း အနည်းအကျဉ်းမြင်ရတတ်တေ။ ယင်းပိုင်ဗျာလ် ရောက်ကတ်တယ်။”လို့ ရှင်းပြပါရေ။


ယင်းငါးချေတိစွာ ပွဲရာသီမှာလာရောက်တေဆိုရေ နီရာမှာလည်း ဘုရားဖူးသူတိ လာရောက်လေ့ရှိရေ မိုးထ ၆ နာရီလောက်ကနီ ညပိုင်း ၆ နာရီလောက်အထိရာ လာရောက်လေ့ရှိစွာကြောင့် ဘုရား တန်ခိုးတော်ကြောင့် လာရောက်စွာလို့ တချို့က မှတ်ယူကတ်ပါရေ။

လက်ယာစက်တော်ရာအောက်မှာ ငါးစာရောင်းနီရေ မဝင်းကြည်က ငါးချေတိရဲ့ ထူးဆန်းပုံအကြောင်းကို ငါးစာရောင်းရင်းနဲ့ အခုပိုင် ပြောပြပါရေ။


“ဇာပိုင်ဆိုရဖို့လည်း ဒေငါးချေတိက တော်တော်လေးကို ထူးဆန်းပါရေ။ ဘုရားဖူးဖွင့်ရေ အချိန်ရောက်မှ ပြန်ပေါ်လာသလို ဘုရားဖူးပိတ် တဲ့ အချိန်ကျရင်လည်း သူ့သဘာဝအတိုင်း ပျောက်ကွယ်သွားပါရေ။ တော်တော်ထူးဆန်းပါရေ။ ယင်းကြောင့် ဒေနီရာမှာ ပြောချင်စွာက တော့ တော်တော်လေးကို ကြည်ညိုလေးစားဖို့ကောင်းပါရေ။ အခု ဒေငါးတိစွာ ည ၆ နာရီခွဲရင် တစ်ကောင်မှ မရှိပါယာ။ မနက်မိုးလင်းလို့ ၆ နာရီခွဲဆို ပြန်ရောက်နီကတ်တေ။”

တစ်ချို့က ယင်းပိုင် မှတ်ယူကတ်ကေလြေ့သင့် ဂေါပကအဖွဲ့ဝင် ဦးမှိုင်းကတော့ “သူရို့ရဲ့ သဘာဝက ညအချိန်ကျလို့ရှိကေ နားခိုတဲ့ နေရာမှာ ရှိစွာပဲ။ ဘုရားနဲ့တော့ မပတ်သတ်။ သို့သော် ကောင်းရာကောင်းကြောင်းချေလုပ်နီရေအတွက်ကြောင့် သာသနာ့အရိပ်မှာ ခိုရေ။ ဘာသာရေးအရိပ်မှာခိုရေ အတွက်ကြောင့် စားလည်းစားရရေ။ သောက်လည်းသောက်ရတယ်။ ဆိုစွာကို သဘာဝ အလိုက်သိလာ ရေ။ ဘုရားနဲ့ပတ်သတ်တေဆိုတာ ထူးခြားချက်က ယင်းဟာတစ်ခုပဲ။”လို့ သူ့ယူချက်ကို ပြောပါရေ။


လက်ရှိအချိန်မှာတော့ကေ ယင်းငါးကချေတိကို ဘုရားဖူးသူတိ လွယ်လင့်တကူ မြင်တွိ့ပြီးကေ အစာကျွေးနိုင်ဖို့ သေဠာဂေရိ ကျောက် ဆောင် အောက်မှာ ငါးစားကျွေးဌာနတစ်ခုကိုလည်း ဖွင့်ပီးထားဗျာလ် ဖြစ်ပါရေ။ ဗုဒ္ဒစက်တော်ရာ အစုံလိုက်ကိန်းဝတ်တေ ယင်းနီရာစွာ နက်ရှိုင်းရေ တောတောင်၏ အလယ်မှာတည်ရှိရေပိုင် လားရလာရလည်း ခက်ခဲကြမ်းတမ်းစွာကြောင့် ဖုရားဖူးသူတိကတော့ အမြဲတစေ လာရောက်ဖို့ မလွယ်လှပါ။


ဘုရားဖူးဧည့်သည်တိ မလာရောက်ရေ နိရက်တိမှာဆိုကေ ငါးချေတစွာလည်း အစာရီစာ ငတ်ပြတ်နီကတ်ရပါရေ။


“ကောင်းသနားဖို့ ကောင်းပါရေ။ ဘုရားဖူးသားရောက်ရောက်။ မရောက်ရောက်။ ဒေတံတားအောက်မှာ အမြဲတမ်းရှိပါရေ။ ဘုရားဖူးသား မရောက်တေ နိမျိုးဆိုကေ ညီမရို့က ဒေပိုင်အထုပ်(ငါးစာထုပ်)တိ ဆယ်၊ ကိုးထုတ်လောက်ကုန်ပါရေ။ ယင်းပိုင်ပါ။ ကိုယ့်စွာကိုယ် ကျွေး ပါရေ။ သူတို့ဝအောင်လည်း ကောာင်းမကျွေးနိုင်။ ကိုယ့်မှာအရင်းက ၇ သိန်းတိတိ သွင်းထားရစွာဆိုတော့ ကောင်းအဆင်မပြေပါလေ။ မနှစ်ကပိုင် လူစည်ဖို့ထင်လို့ အကျွန်ရို့က လေလံဆွဲကြည့်လိုက်စွာ။” လို့ ငါးစာရောင်းရေ မဝင်းကြည်က ပြောပြပါရေ။


ယင်းငါးချေတိစွာ ဘုရားရိပ်၊ တရားရိပ်မှာ နီထိုင်နီကတ်တယ်ဆိုကေလေ့ တစ်ခါတစ်ရံမှာ မသမာသူတိ၏ ဖမ်းဆီးမှုကို ခံကတ်ရပါရေ။ ယင်းပိုင်ဖမ်းဆီးမှုတိ မလုပ်ကတ်ဖို့တော့ကေ ဘာသာရေး အဖွဲ့အစည်းအချို့က တားမြစ်ထားရေလို့ ဦးမှိုင်းက ဆိုပါရေ။


“ဒေငါးတိကို ဖမ်းလို့စားကတ်တယ်ဆိုရေ ကိစ္စကိုပြောရဖို့ဆိုလို့ရှိကေ ဘုရားနဲ့ပတ်သတ်လို့ အထက်တစ်မိုင်၊ အောက်တစ်မိုင် တားမြစ် ထားရေ။ သာသနာဥပါဒါနအဖွဲ့နဲ့ ရဟန်းတော်အဖွဲ့က စုပေါင်းပြီးကေ တားမြစ်ချက်ထုတ်ထားရေ။ သို့သော်လည်း ဒေလူတိက သာသနာရေး၊ ဘာသာရေးထဲမှာ လုပ်နီလို့ ဇောက်ပီးပြီး လုပ်နီရေအလုပ် မဟုတ်တေအတွက်ကြောင့် တစ်ခါတစ်ခါခိုးစားလားစွာတိခံရ ရေ။”

လားလာရ ခက်ခဲရေဆိုကေလေ့ ဗုဒ္ဒဘုရားရှင်၏ စက်တော်ရာမှန်ကန်ရေလို့ စာပီကျန်းဂန်တိမှာရော ပါးစပ်ရာဇဝင်တိမှာပါ အခိုင်အမာ တွိ့ရှိထားကတ်စွာကြောင့် မြန်မာနိုင်ငံက ဘုရားဖူးဧည့်သည်တိတောင်မကဘဲ နိုင်ငံခြားက ဗုဒ္ဒဘာသာဝင်တွေပါ ပွင့်လင်းရာသီတိမှာ လာရောက်ဖူးမျှော်ကတ်တယ်လို့ ဆိုပါရေ။


နွေရာသီကုန် ကဆုန်လရောက်လို့ ဘုရားဖူးဌာနတိ ရုတ်သိမ်းပြီးစွာနဲ့ အရာတော်အိုင်ထဲက ငါးချေတိစွာလေ့ အိမ်ပြန်ကတ်ပါဗျာလ်။ မဝင်းကြည်က အခုပိုင် ပြောပါရေ။


“ဘုရားဖူးဌာနက ကဆုန်လပြည့်နိဆို ပြန်သိမ်းပါရေလေ။ မိုးတွင်းဖက်ကလည်း နီးနီဘာလည်း။ ယင်းပိုင် သိမ်းလားလို့ အစာမကျွေးဘဲ တစ်ပတ်လောက်နီဟာနဲ့ ဒေငါးချေတိလည်း သူ့အလိုလိုပျောက်လားကတ်တေ။ အကုန်လုံးပျောက်လားရေ။ တစ်ကောင်မှမရှိတော့ပါ။”

“သူရို့က မိုးရီကိုကောင်းကြောက်ရေ ထင်ရေ။ မိုးတိရွာရေအခါ အကုန်လုံးကို ပျောက်လားကတ်တေ။ ဒေနီရာမှာ ဇာအစာပဲကျွေးကျွေး။ မစားပါ။ ဇာငါးလေ့ မရှိပါယာ။”

 495 total views,  2 views today