ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
ကာရီ (ဗမာအခေါ်အဝေါ် လှည်း) ဆိုစွာကတော့ မြန်မာနိုင်ငံမှာ ဟိုးလွန်ခရေ နှစ်ပေါင်းများစွာက လားလာရလွယ်ကူအောင် နွားနဲ့ဖြစ်စီ၊ မြင်းနဲ့ဖြစ်စီ ပြုလုပ်ပြီးကေ အသုံးပြုခကတ်တေ ကုန်းလမ်းလား အနှေးယာဉ်တစ်မျိုးလို့ ဆိုရပါဖို့။ နွားကို အသုံးပြုထားကေ နွားကာရီ၊ မြင်းကိုအသုံးပြုထားကေ မြင်းကာရီစသဖြင့် ခေါ်ဆိုကတ်ပါရေ။
ယင်းအချိန်တိက နှစ်ပေါင်းအတော်ကြာ အသုံးပြုခကတ်ကေလေ့ ခေတ်တိ တစ်ခေတ်ထက်တစ်ခေတ် တိုးတက်ပြောင်းလဲလာချိန်မှာတော့ မော်တော်ယာဉ်တိက အစားထိုးနေရာ ယူလိုက်ကတ်ပါရေ။ ယင်းကြောင့် အလွန်တရာ ချစ်စရာကောင်းရေ ယင်းဓလေ့တိစွာ မြို့ပေါ်ဒေသတိမှာရော ကျေးလက် ဒေသတိမှာပါ မကျန် ကြက်ပျောက်၊ ငှက်ပျောက်နဲ့ ပျောက်ကွယ်လားခကတ်ပါရေ။
လက်ရှိ အနီအထားအရ ပြောရဖို့ဆိုကေတော့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုအားနည်းရေ တချို့ကျေးလက် ဒေသတိမှာ အသုံးပြုနီကတ်ဆဲပါ။ ရိုးရာဓလေ့ကို ထိန်းသိမ်ရေအနေနဲ့လည်း တချို့မြို့ပေါ်ဒေသတိမှာ အနည်းအကျဉ်း အသုံးပြုနီကတ်စွာလည်း တွိ့ကတ်ပါဖို့။
တရုတ်နိုင်ငံကို သဘာဝဓာတ်ငွေ့တိ တိုက်ရိုက် ပို့ဆောင်သွယ်တန်းထားရေ ရီနက်ဆိပ်ကမ်းတည်ရှိရာ ရခိုင်ပြည်နယ်ရဲ့ ဒုတိယမြို့ တော် ကျောက်ဖြူမြို့စွာလည်း ခေတ် နောက်ကျရေ မြို့တစ်ခု မဟုတ်တေပိုင် ကုန်းလမ်းလည်းလားလို့ရ၊ ရီလမ်းကြောင်းလည်းအဆင်ပြေရေ မြို့တစ်မြို့ပါ။
ယကေလေ့ ယင်းမြို့မှာ လက်ရှိအချိန်ထိ နွားကာရီတိကို အသုံးပြုနေကတ်ဆဲရာဖြစ်ပါရေ။ ခေတ်မှီဖွံ့ဖြိုးတိုးတက်တေ မြို့တစ်မြို့ ဖြစ်ပါလျှက်နဲ့ ဇာကြောင့် နွားလှည်းတိကို အသုံးပြုနီကတ်ရလေ။ ဇာပိုင် အားသာချက်တိ ရှိနီလို့လဲ။ ဇာအချိန်တိမှာ အသုံးပြုကတ်လေ။ တစ်ရက်မှာ ဇာနှစ်နာရီလောက် အသုံးပြုကတ်လေ။ စရေ အကြောင်းအရာတိကို နွားကာရီမောင်းသူတိနဲ့ တွိ့ဆုံမီးမြန်းပနာ စိတ်ဝင်စားစရာကောင်းအောင် ဒေတစ်ပတ်မှာ တင်ပြပီးလားပါဖို့။
“နွားကာရီသုံးဖို့ဆိုကေ ဖြားရီခန်းလားရေ အချိန်ကျယာဆိုကေ လောင်းကိုလည်း ကမ်းနားကို ထိုးတင်လိုက်လို့ မရ။ ယကေ လောင်းနဲ့က အဆင်မပြေ။ ကုန်းထက်ကို လည်း တင်လို့မရ။ နွားကာရီနဲ့ဆိုကေ တခါတည်း အထက်ကိုတင်လို့ ရရေ။ ပုစွန်သမားတိ၊ ပုစွန်ဘူးသမားတိ၊ လယ်ယာလုပ်သမားတိ စပါး၊ ဆန်တိကကျကေ ဂျပန်မဆိပ်ဖက်က ကာရီနဲ့မှ အဆင်ပြေရေ။ သုံးဘီးဆိုင်ကယ်တိ၊ ဘေးတွဲတိနဲ့က အဆင်မပြေ။ အောက်ကို ဆင်းလို့ မရလေ။ တပိုင်းလောက်ပဲရတယ်။”
ကျောက်ဖြူမြို့နယ် ကရင်တောရွာက နွားလှည်းကို ၅ နှစ်လောက် အသုံးပြုလုပ်ကိုင်လာရေ ဦးကျော်သန်းဌေးက နွားလှည်းကို အသုံးပြုရရေ အဓိကအကြောင်းအရင်းကို အလုပ်မသွားခင် ၁ နာရီလောက်အလိုက အလုပ်အပ်လာမယ့် လက်ထဲက ထွက်ပေါ်လာဖို့ ဖုန်းခေါ်မြည်သံကို စောင့်မျှော်ရင်း တနားချေမှာ ပြောပြလားခစွာ ဖြစ်ပါရေ။
ဂျပန်မဆိပ်ကမ်းဆိုစွာ ကျောက်ဖြူမြို့နဲ့ တခြားကျေးရွာတိက ကုန်ရောင်းကုန်ဝယ်ပြုသူတိ၏ လောင်း၊ ဘုတ်တိ အဓိက ဆိပ်ကပ်တေ ကမ်းတစ်ခုဖြစ်ပါရေ။ ယကေလည်း ယင်းဆိပ်ကမ်းစွာ ရီတိမ်ရေအတွက် ဖြားတက်ချိန်မှာ ရီယာဉ်တိ ကမ်းကပ်လို့ အဆင်ပြေနိုင်ကေလေ့ ဖြားရီကျလားရေ အချိန်မှာတော့ ဒုက္ခရောက်ကတ်ရပါရေ။ ဖြားကျလားရေဆိုကေလည်း ရွှံ့မြေဖြစ်စွာကြောင့် ဆိုင်ကယ်၊ သုံးဘီးစရေ မော်တော်ယာဉ်တိနဲ့ လားလာဖို့ အဆင်မပြေနိုင်ပါ။ ယင်းကြောင့် တစ်နိတာ၏ ဖြားရီကျချိန်တိမှာဆိုကေ နွားကာရီကို အသုံးပြုကတ်ရစွာ ဖြစ်ပါရေ။
နွားကာရီဆိုကေလေ့ အရင်ခေတ်ကပိုင်၊ တခြားဒေသတိမှာ အသုံးပြုရေ ကာရီပိုင် ပုံစံမျိုးတော့ကေ မဟုတ်ပါ။ ထူးခြားနီပါရေ။ ဇာကြောင့်လဲဆိုကေ ကျောက်ဖြူက နွားလှည်းတိမှာ အသုံးပြုတေဘီးတိစွာ ထွေလာဂျီ၊ သုံးဘီးနဲ့ ကားစရေယာဉ်တိမှာ အသုံးပြုရေ တာယာတိ ဖြစ်နေစွာကြောင့်ပါ။
“ကားဘီးတိ၊ ထော်လာဂျီဘီးတိကို သုံးရေ။ သစ်သားဘီးတိနဲ့ကျကေ ချောင်းမှာလုပ်လို့ အဆင်မပြေပါ။ သစ်သားဘီးနဲ့က တောင်၊ ယာတိမှာမှ ရရေ။ ဒေနီရာတိမှာက လားလို့မရ။ ဝန်တိဘာတိတင် လို့လည်း မရ။ မြင်းကာရီတိမှာမှ ယင်းချင့်က အဆင်ပြေစွာ။ ယင်းကြောင့် တာယာတိကို အသုံးပြုစွာ။”လို့ သူတွေ့ကြုံရသလောက် အကြောင်းအရာချေကို ပြောပြပါရေ။
ကျောက်ဖြူက ကရင်တော၊ စေတီတောင်၊ တောင်ရင်း၊ အမာပါရာစရေ ရပ်ကွက်တိမှာ နွားလှည်း အစီးရေ ၅၀ ဝန်းကျင်လောက်ရှိ ပြီးကေ အထူးသဖြင့် လက်လုပ်လက်စားတိက မောင်းနှင်ကတ်စွာပါ။
ဒေပိုင်နွာကားရီတိစွာ တချို့အတွက် သက်မွီးဝမ်းကြောင်းဖြစ်တေအတွက် အခုပိုင် ကြိုးစားလုပ်ကိုင်နီကတ်စွာရေ မြန်မာနိုင်ငံ၏ ရှေးကျရေ ရိုးရာဓလေ့တစ်ခုကို ထိန်းသိမ်းရာရောက်တေအပြင် နိုင်ငံခြားသားတွေကိုလည်း ဆွဲဆောင်နိုင်ပါသိရေ။
“တစ်ခါတစ်လေ လာစီးကတ်တယ်။ အင်္ဂလိပ်တိလည်း လာစီးကတ်တယ်။ အင်္ဂလိပ်တိက ဓာတ်ပုံတိဘာတိ ရိုက်ဖို့ ကမ်းခြေနားတွေမှာ တစ်ခါတစ်လေ ယင်းပိုင်စီးကတ်တေလေ။ ယကေလေ့ တစ်နှစ်လည်မှ တစ်ခါလောက်ပါရာ။ လာမစီးကတ်စွာတော့ ကြာယာ။ တရုတ်တိကလည်း တစ်ခါတစ်လေ လာစီးကတ်တယ်။”
ဒေဓလေ့စွာ ရိုးရာယဉ်ကျေးမှုကို ထိမ်းသိမ်းရာ ရောက်ကေလေ့ နွားကာရီသမားတိ အနီနဲ့ကတော့ လက်လုပ်လက်စားတိ ဖြစ်စွာကြောင့် သက်မွေးဝမ်းကြောင်းတစ်ခုအဖြစ်ရာ လုပ်ကိုင်နီကတ်ရစွာဖြစ်ပါရေ။ ယင်းကြောင့် သူရို့အနီနဲ့ စားဝတ်နီရေးကိစ္စရပ်တိအပြင် ဈီးကြီးလွန်းရေ နွားစရိတ၊် နောက်ပြီးကေ တနှစ်တာစီအတွက် လိုင်စင်ကြေးစစွာတိကို လည်း ပူပင်ရပါသိရေ။
“မကောင်းပါ။ ဒေမှာလုပ်စားနီရစွာက။ ဖြားအတက်ဆိုကေ ကျနော်ရို့ လုပ်လို့မရပါ။ ယေကေ ကျနော်ရို့မှာ ဖြားရီကျနီရေ အချိန်တခုမှာပဲ လုပ်စားရစွာ။ တရက်မှာ အလွန်ဆိုရင် ၃ နာရီလောက်ပေါ့။ ဝင်ငွေကတော့ ပုံမှန်မဟုတ်။ တရက်ကို ငွေ ၁ သောင်းရချင်လည်းရတယ်။ ၂ သောင်းလည်း ရတယ်။ ၅ ထောင်လည်း ရချင်ရရေ။ အများဆို ကေ ၂ သောင်းလောက်။ အနည်းဆိုင် ၁ ပြားမှ မရရေ နိလည်း ရှိရေ။ အခုက အင်တိုက်အားတိုက်လုပ်ပီးရရေ။ ငွေက အသုံးမခံပါလေ ခုခေတ်မှာက။ အရင်က ငွေက တန်ဖိုးရှိရေ။ ၁ ထောင်ရရ။ အခုက တရက်မှာငွေ ၁ သောင်းရလို့ အသုံးမခံ။ ကျနော့်မှာ သားတယောက်၊ သမီးတယောက်ရှိတော့ ဒေအလုပ်နဲ့လည်း အဆင်မပြေ။ နောက်ထပ် မွေးမြူရေး နည်းနည်းလုပ်တယ်။”လို့ ကျောက်ဖြူမြို့ ဂျပန်မဆိပ်ကမ်းမှာ နွားလှည်းကို ဆယ်စုနှစ်တခုကြာ မောင်းနှင်လာတဲ့ ကရင်တောရပ်ကွက်က ဦးထွန်းသိန်းဦးက သူကြုံတွေ့နီရတဲ့ အခက်အခဲတိအကြောင်း ကာရီမောင်းရင်း စိတ်မကောင်းစွာနဲ့ ပြောပြပါရေ။
နွားကာရီသမားတိ ကြုံတွံ့နီရရေ နောက်ထပ်အကြီးမားဆုံး အခက်အခဲတစ်ခုကတော့ သူရို့ ပြီးဆွဲနီရေ ဂျပန်မဆိပ်ကမ်းအောက်က သဲတိကို တချို့က စုပ်ယူစွာကြောင့် အင်းအိုင်ပိုင် ချိုင့်ခွက်တိ ကျန်ရစ်ခစွာပင် ဖြစ်ပါရေ။
ယင်းအကြောင်းကိုလည်း သူက အလုပ်လာအပ်တေ အဝင်ဖုန်းကို လက်ခံဖြေကြားဖို့ လုပ်ရင်းနဲ့ အခုလို ပြောပြခဲ့ပါတယ်။
“ကျနော်တို့ ကာရီစတိုက်တုန်းက ဒေပိုင် အင်းအိုင်မျိုးတိ မရှိခ။ နောက်ပိုင်း ပိုက်ဆံရှိလူတိက သဲစုပ်တယ်ပေါ့လေ။ သဲစုပ်ပြီးကေ ဒိုင်တိကိုဖို့ရေ။ ယကေ ဒေပိုင်အင်း တိပေါ်လားရေ။ ကျနော် ခုနားကပြရေ မြောင်းတိ မရှိ။ တဖြောင့်တည်း။ တညီတည်းရာရှိရေ။ ယင်းခါက ဖြားသင့်ကေ လောင်းတိကို ဒေဖက်ထားရရေ။ ခုက အားလုံးအင်းချောင်း တိ ပေါ်နီရေခါ ကျနော်ရို့ ကာရီသမားတိ လုပ်စားဖို့ နရာမရှိလိုက်ယာ ဖြစ်လားရေ။”
အခုပိုင် နွားကာရီတိ အသုံးပြုနီတက်စွာရေ ပျောက်ကွယ်လုနီးနီးဖြစ်နီရေ ဓလေ့ကြီးတစ်ခုကို ထိန်းသိမ်းရာ ရောက်တေအပြင် မြို့ကိုလည်း တစ်ဖက်တစ်လမ်းက လှပအောင် ဖော်ကျူးပီးနီစွာပါ။
ဒေပိုင် ကြီးမားရေ ရိုးရာအစဉ်အလာကို ပျောက်ကွယ်မလားစီချင်ကေတော့ ကာရီမောင်းရေလက်လုပ် လက်စားတိ အဆင်ပြေအောင် သူတို့ တင်ပြခရေ အခက်ခဲတိကို တာဝန် ရှိသူတိက ကြပ်မတ်ပေးဖို့ လိုအပ်တေပိုင် ပြည်သူတိကလည်း တတ်နိုင်ရေဖက်က ပါဝင်ဖေးမပေးဖို့ လိုအပ်ပါလိမ့်မယ်။
ယင်းပိုင် လုပ်ဆောင်ပေးကတ်ကေမှရာလည်း ဦးကျော်သန်းဌေးနဲ့ ဦးထွန်းသိန်းဦးရို့ပိုင် နွားကာရီသမားတိဘဝကို ကယ်တင်ရာရောက်တေအပြင် ဒေဓလေ့ကိုလည်း အလိုအလျောက် ထိန်းသိမ်းရာရောက်လားပါလိမ့်မယ်။
734 total views, 2 views today