ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒေတစ်ပတ်မှာတော့ ဗုဒ္ဓဘုရားရှင်ကိုယ်တော်ကို ပူဇော်ရာကနီ ပေါ်ပေါက်လာပြီးကေ ဒေကနိထိတိုင် လက်ဆင့်ကမ်း ထိန်းသိမ်းပြီးကေ ကျင်းပလာကတ်တေ ရခိုင်ရိုးရာနံ့သာသွေးပွဲတော်အကြောင်းကို တင်ပြပီးချင်ပါရေ။ ယင်းပွဲကတော့ မြန်မာသက္ကရာဇ်၏ နောက်ဆုံးလဖြစ်တေ တန်ခူးမှာ ကျင်းပကြာစွာဖြစ်ပြီးကေ တစ်ခြားတစ်နှစ်ကို မကူးခင်ကျင်းပကတ်တေ နောက်ဆုံးပွဲတော်လည်း ဖြစ်ပါရေ။

ဘီစီ ၅၅၄ ခုနှစ်၊ ရခိုင်ဘုရင်စန္ဒသူရိယမင်းလက်ထက်က ရခိုင်ကို ဘုရားရှင်ကိုယ်တော်တိုင် ကြွရောက်လာရေအခါ မဟာမြတ်မုနိဘုရားရှင်ကို ရုပ်တုတော် သွန်းလုပ်ရာ ပြီးစီးရေ ကဆုန်လပြည့်နိမှာ နံ့သာဖြူ၊ နံ့သာနီ၊ ကရမက်စရေ အမွှီးအကြိုင်တိ သွီးပြီးပူဇော်ရာကနီ “ရခိုင်ရိုးရာ နံ့သာသွီးပွဲ”လို့ စတင် ပေါ်ပေါက်လာခစွာ ဖြစ်ပါရေ။

ရခိုင်ဓလေ့၊ ယဉ်ကျေးမှု ရိုးရာပွဲတောတိကို ဖော်ထုတ်ကျင်းပလေ့ရှိရေ သာကီမဏ္ဍိုင် ရက္ခိုင့်ယဉ်ကျေးမှုအဖွဲ့ နာယက ဆရာ ဦးမောင်သိန်းထွန်းက အခုပိုင်ပြောပြပါရေ။

“ကမ္ဘာမှာ တစ်ဆူတည်းသော မြတ်စွာဘုရားစွာရေ ရခိုင်ပြည်(နယ်)မှာ သက်ရှိထင်ရှား ရှိဘိသကဲ့သို့ ယုံကြည်ပြီးကေ ရခိုင်သားရို့ ဝမ်းမြောက်၊ ဝမ်းသာနဲ့ ပျော်ပွဲ၊ ရွှင်ပွဲတိ၊ နံ့သာနီ၊ နံ့သာဖြူ၊ ကရမကရို့် သွီးကျန်ပြီးကေ ဘုရားကို ပူဇော်ကတ်တယ်။ မဟာမုနိမြတ်စွာ ဘုရားရှင်ကို။ ကကောင်းထူးခြားစွာကို။ ဘုရားရှင်ကြွလာရေ ယင်းအချိန်စွာ။ ယင်းပိုင် ပူဇော်ရာကနီ အစပြုပြီးကေ ရခိုင်မှာနံ့သာသွီးရေလို့ ဖြစ်ပေါ်လာရေ။”

နံ့သာသွီးရရေ အဓိက အကြောင်းအရင်းကတော့ခါ ဘုရားရီသပ္ပာယ်ဖို့ အတွက်ဖြစ်ပြီးကေ မြန်မာသက္ကရာဇ်၏ နောက်ဆုံးလ တန်ခူးမှာ ကျရောက်ရေ သင်္ကြန်မတိုင်မီ ၁ ရက်၊ ၂ ရက်အလိုမှာ ပြုလုပ်လေ့ရှိကြပါရေ။ နံ့သာသွီးပွဲကို ရပ်ကွက်အလိုက်သော်လည်းကောင်း၊ အသင်းအဖွဲ့ လိုက်သော်လည်း၊ ကျေးရွာ အလိုက်သော်လည်းကောင်း စုပေါင်းကျင်းပကတ်စွာလေ့ ဖြစ်ပါရေ။

“မမချေတိပါရေ။ လူပျိုချေတိ စလို့နောက်လို့ တစ်ယောက်နဲ့တယောက် လူငယ် သဘာဝအရ နံ့သာတိကို တစ်ယောက်နဲ့ တယောက်ပစ်လို့။ ဒေချင့်က အလွန်တရာ ချစ်ဖို့ကောင်းရေဓလေ့။ တစ်ယောက်နဲ့တယောက် စိတ်ဆိုးလို့လေ့မရ။ အမှန်က ကြိုက်လို့၊ ချစ်လို့လည်း မဟုတ်။ မောင်နှမပိုင်။ နနွီးထထွီး ချချစ်ခခင်နီကတ်တေ ရိုးရာဓလေ့။”

ယင်းပိုင် နံ့သာသွီးပြီး နောက်တစ်နိမှာတော့ သူရို့ကိုးကွယ်ရေ ဘာသာရေး အဆောက်အအုံတိ၊ ဘုန်းကြီးကျောင်းတိကို လားရောက်ပြီးကေ ငါးပါး သီလခံယူ၊ လှူဖွယ်ဝတ္ထုတိ လှူဒါန်းကတ်ပနာ အသင့် ယူဆောင်လာရေ နံ့သာရည်တိနဲ့ ယင်းမှာရှိရေ ဘုရားရုပ်ပွားတော်တိကို ဝိုင်းဖွဲ့ ရီသပ္ပာယ်ကတ်စွာပါ။

ယင်းပိုင်ဘုရားတိကို ရီသပ္ပာယ်ပြီးမှရာ သင်္ကြန်ရီ လောင်းခွင့်ရှိရေလို့ မှတ်ယူကတ်ပါရေ။ သင်္ကြန်ပွဲတော်ကျင်းပရေး ကော်မတီ ဥက္ကဌ ဦးဝိုင်းမောင်က ပြောပြစွာက “ဘုရားကိုရီသပ္ပာယ်ပြီးမှရာ လူကို ရီလောင်းရဖို့ဆိုရေ အစွဲတစ်ခုဖြစ်လာကတ်တယ်။ ခင်ခင်ရို့ အငယ်ချေခါကလည်း ယင်းပိုင်ဗျာလ် ရက်ကြီးနိကြီးမှာ ရီလောင်းကတ်တေ အချေတိကို ဘုရားကိုတောင် ရီမသပ္ပာယ်ရသိ။ မင်းရို့လူတိကို ရီမလောင်းကတ်ကေ့။ လူကြီးသူမတိကပါ ရီ လောင်းခံသူတိကပါ ပြောဆိုဆုံးမကတ်စွာတိကို ခင်ခင်ရို့ကြားဖူးခရေ။ သို့သော် စစ်တွေမြို့အတိုင်းအတာ အရကတော့ ကေ ဘုရားရီသပ္ပာယ်စွာကို တရက်တည်းလို့ မသတ်မှတ်ကတ်။” လို့ ဖြစ်ပါရေ။

ဘာသာရေး အဆောက်အအုံတိမှာရှိရေ ဘုရားရုပ်ပွားတော်တိအပါအဝင် နီအိမ်တစ်အိမ်ချင်းစီမှာ တည်ထားကိုးကွယ်ရေ ဘုရားတိကိုလေ့ ရီသပ္ပာယ် ကတ်တေပိုင် မိဘဘိုးဘွားတိနဲ့ သက်ကြီးရွယ်တိကိုလေ့ ပူဇော်ကန်တော့လေ့ ရှိကတ်ပါရေ။

နံ့သာသွီး၊ ဘုရားရီသပ္ပာယ်စွာတိ၊ ပူဇော်ကန်တော့ခြင်း ပြုလုပ်စွာတိရေ  ကာယကံ၊ ဝစီကံ၊ မနောကံသုံးပါးထဲက တစ်ပါးပါးနဲ့ ပြစ်မှား ကျူးလွန်ခစွာတိ နောက်ပြီးကေ ကျရောက်လာနိုင်ရေ အန္တရာယ်တိကို ပြယ်ပျောက်လားနိုင်ရေလို့ ယုံကြည်ရေအတွက်လည်း လူတိုင်းနီးပါးက မဖြစ်မနီ ပါဝင်ဆင်နွဲကတ်ပါရေ။

“နှစ်တစ်နှစ်မှာ မကောင်းစွာတိရှိဖို့။ အပြစ်အနာဆာတိရှိခဖို့။ ကာယကံ၊ မနောကံ၊ ဝစီကံတိနဲ့ မိဘရို့၊ သက်ကြီးသူအိုရို့ကို ပြစ်မှားမိရေ။ စကားနဲ့ဖြစ်စီ၊ ကိုယ်အမူယာနဲ့ဖြစ်စီ၊ ယင်းပိုင်ပြစ်မှားမှုတိရှိခရေဆိုကေ ဘုရားပူဇော်ခြင်း၊ နံ့သာသွီးပြီးကေ ရီသပ္ပာယ်ခြင်းအားဖြင့် နှစ်တနှစ်မကူးခင် အသက်ကြီးတိကို ရွာတိမှာ အမွှေးနံ့သာရို့နဲ့ ပူဇော်ပြီးကေ ပြစ်မှားစွာရှိခကေလေ့ အငယ်တိဖြစ်တေ ကျနော်ရို့ကို ခွင့်လွတ်ပါလို့ တောင်းပန်ကေ ဗုဒ္ဓဘာသာရို့မှာ ပျက်စီးကျရောက်လတ္တံ့ဖြစ်သော ဘေးဥပဒ်အန္တရာယ်တိ ကင်းလွတ်တတ်တယ်လို့ အယုံအကြည်ရှိရေ။” လို့ ဦးမောင်သိန်းထွန်းက ဆိုပါရေ။

ချစ်စရာ ကောင်းရေ ယင်းဓလေ့စွာ ခေတ်အဆက်ဆက် ပြောင်းလဲလာခကေလေ့ ယင်းအချိန်တုန်းက ကျင်းပပုံနဲ့ အခုနဲ့ ကွာခြားသွားနိုင်ပါတယ်။ ယကေလေ့ ဒေဖက်ခေတ်အထိ ရခိုင်ရို့က ထိန်းသိမ်းပြီးကေ တမြတ်တနိုးနဲ့ ဆောင်ရွက်ကတ်ဆဲရာ ဖြစ်ပါရေ။ ဒေပိုင်ဘုရားရေသပ္ပယ်စွာ၊ နံ့သာသွီးစွာစရေ ရခိုင်ရို့၏ အစိုင်အလာကြီးမားရေ ဓလေ့က တစ်ခါတလည်မှာ ဖူးစာဖက်ကိုလေ့ ရွီးချယ်ပေးတတ်ပါရေ။

ဦးမောင်သိန်းထွန်းက “ဒေချင့်က အလွန်တရာချစ်ဖို့ကောင်းရေ။ မမချေဖက်ကလေ့ စိတ်ဆိုးလို့ မရ။ ယောက်ျားတိကလေ့ စိတ်ဆိုးလို့ မရ။ ယင်းချင့်ကနီစလို့ သူရို့မှာ လူငယ်ဘဝချစ်ကြိုက်သွားစွာလေ့ ရှိကောင်းရှိဖို့။ ယင်းသဘာဝတိကလေ့ ရှိကတ်စွာကို။ သင်္ကြန်ဆိုစွာလေ့ ယပိုင်ဗျာလ်။ မမနဲ့ ယောက်ျားနဲ့ မရီးခေါ်လို့။ ရီတစ်ဖလားပီး။ မတော်ရသိရေ မရီးဖြစ်ကေလေ့ တင်စားလို့ ကိုယ်သဘောကျရေ မမချေတိကို မဏ္ဍပ်ရှင်မတိကိုခေါ်ပြီးလောင်းကတ်တေ ဓလေ့တိ ရှိကတ်ပါရေ။”လို့ သူတွေ့ဖူးတဲ့ အကြောင်းအရာချေတစ်ခုကို ဥပမာပီးလို့ ပြောပြပါရေ။

ဦးမောင်သိန်းထွန်းရို့  အငယ်ချေခါက ပြုလုပ်ကျင်းပခကတ်တေအကြောင်းကို အခုပိုင် ရရယ်မမောနဲ့ ပြန်ပြောင်းပြောပြပါသိမ့်ရေ။

“ငရို့အငယ်ချေခါတော့ အရက်သောက်စားရေ အလေ့အထက ကောင်းမရှိသိ။ ကလအဖွဲ့တိဖွဲ့ထားရေ။ လူ ၁၀ ယောက်၊ ၁၅ ယောက်လောက် ပေါင်းရေ။ ပြီးကေ ဆင်တူဝတ်ကတ်တယ်။ သွပ်ဖလားချေတိ ဝယ် ရေ။ ဂျပန်တုံလို့ခေါ်တယ်။ ယပိုင်ဖလား တယောက် တလုံး ဝယ်ရေ။ ပြီးကေ တေးခင်းဆိုသူဆို၊ ဗုံတီးသူတီးလားကတ်တယ်။ ငါရို့ကတော့ ဗုံးတီးလို့ မဟုတ်။ သူငယ်ချင်တိး စုပြီးကေ မဏ္ဍစီလို့ လားကတ်တယ်။ ငါရို့ဓလေ့ပေါ့။”

အသက် ၇၀ ကျော်နီဗျာလ်ပြီဖြစ်တေ ဆရာဦးမောင်သိန်းထွန်းကတော့ အခုခေတ်လူငယ် ယောက်ျားချေတိစွာ သောက်စားမူးယစ်ပျော်ပါး ကတ်တေပိုင် မမချေတိကလေ့ ကာယိအိနြေ္ဒပျက်ပြားတေ အဝတ်စားတွေဝတ်ပြီးကေ ပျော်ပါးကတ်စွာတကို လျှော့ချပနာ ရခိုင်ရို့်၏ ချစ်စရာကောင်းတေ ဒေဓလေ့ကို ထိန်းသိမ်းကတ်ဖို့ မှာကြားလားပါရေ။

 625 total views,  1 views today