ArakanYoma| မတ်လ ၁၅ ရက်နေ့က ကျရောက်တဲ့ ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ အထိမ်းအမှတ်အနေနဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အခမ်းအနား တစ်ရပ်ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာနနဲ့ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ယက်တို့နဲ့အတူ တစ်ခြားအရပ်ဖက်အဖွဲ့တချို့ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနေ့မှာ ပြဌာန်းလိုက်တဲ့ စားသုံးသူရေးရာဥပဒေတွေပါဝင်တဲ့ လက်ကမ်းစာစောင်တွေဖြန့်ဝေတာ၊ စားသုံးဖို့ မသင့်တော်တဲ့ အမှတ်အ သားတံဆိပ်တွေကို ဖြန်ဝေခဲ့သလို အဲဒီကဏ္ဍနဲ့ ပတ်သတ်လို့ ဗဟုသုတပေးတဲ့လုပ်ငန်းတွေကိုလည်း လုပ်ဆောင်ခဲ့ကြတာပါ။ […]
477 total views